ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးမြှင့်တင်ရေးအတွက် ထိုင်းနှင့် ဗီယက်နမ်တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

Thu, 09/15/2022 - 07:50 -- admin_ygn

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကမ္ဘာ့ဈေးကွက် တွင် ဆန်ဈေးမြှင့်တင်ရာ၌ ပူးပေါင်းဆောင်ရွက်ရန် သဘော  တူခဲ့ကြောင်းနှင့်   ထိုသို့တိုးမြှင့်ရခြင်းမှာ  ကျေးလက်နေ ပြည်သူများ၏ဝင်ငွေ တိုးတက်စေရန် ရည်ရွယ်ကြောင်း ထိုင်း စိုက်ပျိုးရေးအရာရှိတစ်ဦးက  သြဂုတ် ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။  
ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်း မြှင့်တင်ရေးအတွက်   ထိုင်းနှင့် ဗီယက်နမ်တို့က  ပထမဆုံးအကြိမ် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမ ဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်Alongkorn Ponlaboot က  ဗီယက်နမ်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။  
ထိုင်းနှင့် ဗီယက်နမ်တို့၏ ဆွေးနွေးပွဲကို  မေလတွင် စတင်ခဲ့ပြီး  ရည်ရွယ်ချက်မှာ ၎င်းတို့၏ ဆန်တင်ပို့မှု ဈေးနှုန်း ကို မြှင့်တင်ရန်၊ ကမ္ဘာ့ဈေးကွက်တွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှု ကို မြှင့်တင်ရန်နှင့် လယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ရန် ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြား သည်။
နှစ်နိုင်ငံသည် ကမ္ဘာ့ဆန်ကြမ်း ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ပို့ကုန်တင်ပို့မှု၏ ၂၆ ရာခိုင်နှုန်းခန့် ရှိကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ သိရသည်။
ဈေးနှုန်းတက်ရခြင်းမှာ  မည်သည့်အချိန်တွင် စတင် အကျိုးသက်ရောက်မည်ကို ချက်ချင်းသိရှိခြင်း မရှိသေးပေ။ ယခုကျင်းပသော ဆွေးနွေးပွဲ၏ အကျဉ်းချုပ်နှင့် ဈေးနှုန်းများ ပူးတွဲမြှင့်တင်ရန် အကြံပြုချက်များကို နှစ်နိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးများထံ  သတ်မှတ်ဖော်ပြမထားသည့်ရက်စွဲဖြင့် တင်ပြ သွားမည်ဖြစ်ကြောင်း Alongkorn က ပြောကြားခဲ့သည်။
ဗီယက်နမ် စားနပ်ရိက္ခာအသင်းအဖွဲ့နှင့် ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနတို့ထံကမူ   ရိုက်တာက တုံ့ပြန်မှုမရကြောင်း သိရသည်။  
Source: Reuters 
ဒေါက်တာရွှေစင်ကို(ကုန်သွယ်ရေးဦးစီးဌာန)

International Trade News

Pages