ြမဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 12/01/2022 - 07:35 -- DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၂၇-၁၁-၂၀၂၂)မှ (၂၈-၁၁-၂၀၂၂)ထိ CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ငရုတ်၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ နနွင်း၊ ကြာပန်းခြောက်၊ ကော်ဖီစေ့၊ ပဲတီစိမ်း၊  ရော်ဘာ၊ သစ်ကြံပိုးခေါက်၊ MACADAMIA Nuts in Shell ၊ PLUM BAGO အမြစ်၊ မြေပဲ တို့ကို တင်ပို့လျက်ရှိသည်။ ရေထွက်ကုန်ပစ္စည်းများမှ ငါးပါးနီ၊ ဂုံး၊ ကတ်ကူရံ၊ အုန်းငမုတ်၊ ငါးတီး၊ ကျောက်ငါး၊ ငါးသလောက်၊ ငါးခွေးလျှာ၊ ငါးဓားလွယ်၊ ကဏန်း၊ ငါးပြေမ၊ ပုစွန်တို့ တင်ပို့လျက်ရှိပြီးCMP တင်ပို့မှုတွင် Inductor ၊ Line Filter ၊ Transformer Main ၊ အမျိုးသားဝတ် ခေါင်းစွပ်ဆွယ်တာ၊ အမျိုးသမီးဝတ် ရှပ်အင်္ကျီတို့ တင်ပို့ခဲ့ပါသည်။ အများဆုံးပို့ကုန်ပစ္စည်းကတော့ CMP ၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ ငရုတ်၊ ကော်ဖီစေ့၊ မြေပဲ၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ပဲတီစိမ်းတို့ဖြစ်သည်။ ကိုဗစ်အလွန် ကာလတွင် ထိုင်းနိုင်ငံသို့ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန် လုပ်ငန်းများ တွင်ကျယ်စွာအသုံးပြုလာခြင်း၊ ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်စားသောက် ခြင်း၊ စားသောက်ကုန်လုပ်ငန်း စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ခြင်းကြောင့် မြန်မာ နိုင်ငံ၏ ပို့ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ဆန်မှုန့်၊ ငရုတ်တို့ကို ထိုင်းနိုင်ငံမှ ဝယ်လိုအား မြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ ရေထွက်ပစ္စည်းတင်ပို့မှုသည် မဲဆောက်မှတဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထိ အချိန်မီတင်ပို့လျက်ရှိကြောင်း သိရှိရသည်။ ရေထွက်ကုန်ပစ္စည်းများအား ကုန်သွယ်မှုလမ်း ကြောင်းတလျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂ တို့မှတဆင့် တစ်ဖက် နိုင်ငံသို့ အမြန်ရောက်ရှိ ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုနည်းတူ ကုန်စိမ်း ပို့ကုန်များဖြစ်ကြသည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေး အတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုရက်အတွင်း ပို့ကုန်ကားစီးရေ နေ့စဉ်ပျမ်းမျှ (၃၃-၃၄)စီးခန့် တင်ပို့လျက်ရှိပြီး ဂျူတီယာဉ်များ၏ ကုန်ပစ္စည်း ကြေညာလွှာပါပစ္စည်း၊ ယာဉ်ပေါ်ပါပစ္စည်းနှင့် တန်ဖိုးများကိုက်ညီမှု ရှိ/မရှိကို သက်ဆိုင်ရာဌာန အနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် ချည်ပိတ်လိပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးများ၊ ဆိုင်ကယ်အပိုပစ္စည်းများ ဖိနပ်များ၊ အသင့်ချုပ်ပြီး အဝတ်အထည်များ၊ သစ်သီး၊ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်း၊ ဖိနပ်အပိုပစ္စည်းများ၊ Gas ၊ Lubricant များ၊ အိမ်သုံး ပစ္စည်းများ၊ တိရိစ္ဆာန်အစာများ၊ စက်ဘီးများ၊ စာရေးကိရိယာများ၊ ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများတင်သွင်းလျက်ရှိပါသည်။ Garment ၊ ကြွေပြား၊ စားသောက် ကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ တိရစ္ဆာန်အစာများ၊ စက်မှုကုန်ကြမ်းပစ္စည်း၊ ဓာတ်မြေဩဇာ၊ အလှကုန်ပစ္စည်းများ အများဆုံး တင်သွင်းခဲ့ပြီး ယခုရက်အတွင်း သွင်းကုန် ကားစီးရေ နေ့စဉ်ပျမ်းမျှ (၃၆၁)စီးခန့် တင်သွင်းလျက်ရှိပါသည်။ သွင်းကုန်တင်သွင်း ခြင်းကုန်သည် များအနေဖြင့် ယခု လဆန်းပိုင်းတွင် ဘတ်ဈေးသည် တစ်ဘတ်လျှင် (၆၇)ကျပ်ထိရှိခဲ့ပြီး ယခုလ ကုန်ပိုင်းတွင် တစ်ဘတ်လျှင် (၇၉)ကျပ်ခန့်အထိ ဘတ်ဈေး ပြန်တက်လာသောကြောင့် ဘတ်ဈေး အတက်အကျ မတည်ငြိမ်သဖြင့် သွင်းကုန်ပစ္စည်းများကို ချိန်ဆတင်သွင်းနေကြောင်း သိရှိရသည်။

Border Trade News

Pages