၂၀၂၁ နှစ်ဆန်းပိုင်းတွင်း အခေါက်ရွှေဈေးထပ်မံမြင့်တက်လာ

Mon, 01/25/2021 - 08:48 -- admin_ygn

၂၀၂၁ နှစ်ဆန်းပိုင်း ဝင်ရောက်ချိန် အခေါက်ရွှေဈေး ကျပ်  ၁၃သိန်းသုံး သောင်းကျော်ထိ ထပ်မံမြင့်တက်လာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ “ပြည်တွင်းဒေါ်လာဈေးက နည်းနည်း ပြန်ကျလာတယ်။ ခုကတော့ ရွှေလာ ရောင်းတဲ့သူပဲ များတယ်။ နောက်ပိုင်း ရွှေဈေးက နည်းနည်းတက်လိမ့်မယ်ထင်တယ်။ အင်္ဂလန်နဲ့ဂျပန်က ပိတ်လိုက်တဲ့အတွက် စီးပွားရေးလမ်းကြောင်းတွေရပ်သွား တယ်။ နောက် ကွန်တိန်နာလမ်းကြောင်းတွေ အကုန်လုံးရပ်သွားတယ်။ အလုပ် က အရင်လိုမဖြစ်တဲ့ အခါကျတော့ ရွှေဘက်ကိုပဲ ပြန်လှည့်လာကြတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။
လတ်တလော ရန်ကုန်ရွှေဈေးကွက်တွင်း ဝယ်လိုအားထက် ရောင်းလိုအား မြင့်တက်လျက်ရှိပြီး အခေါက်ရွှေဈေး ဇန်နဝါရီ ၈ ရက် ရန်ကုန်ဈေးကွက်နှင့်မန္တလေး ဈေးကွက်တွင် ၁၆ ပဲရည် (အကယ်ဒမီ) အခေါက်ရွှေ တစ်ကျပ်သားဈေး  ဖြစ်ပေါ် နေမှုအရ ၁၃၃၀ဝ၀ဝ ကျပ်ဝန်းကျင်ဖြင့် ဈေးမြင့်တက်နေကြောင်း သိရသည်။ ၁၅ ပဲရည် တစ်ကျပ်သားဈေးမှာမူ  ဇန်နဝါရီ ၈ ရက် ရန်ကုန်ဈေးကွက်နှင့် မန္တလေးဈေးကွက်တွင် နံနက်ပိုင်းဈေး ဖြစ်ပေါ်နေမှုအရ ကျပ် ၁၂၅၁၇၀ဝ ဝန်းကျင် ဖြင့် ဈေးမြင့်တက်နေခြင်း ဖြစ်သည်။ ဇန်နဝါရီ ၈ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်ထရိုင်အောင်စလျှင် ၁၉၁၂ ဒေါ်လာ ထိ မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးပါ စံချိန်တင်လိုက်ပါမြင့်တက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages