ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါး၊ ဆန်ဈေးနှုန်း အ န ည်းငယ်မြင့်တက်

Fri, 02/05/2021 - 09:04 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဇန်နဝါရီလ တတိယပတ်အတွင်း၌ ပေါ်ဆန်းစပါးဈေးနှုန်း ၄၆ပေါင် ကျပ် ၇၇၁၀ဝ၀ မှ ၈၂၃၀ဝ၀ ဈေးရှိနေပြီး ဆန်အနေ ဖြင့် ဆန်တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ မှ ၃၅၀ဝ၀ ရှိနေသည်။ အချို့မြို့နယ်များတွင် ရေကျနောက်စိုက် စပါးများလည်း အနည်းငယ်ထွက်ရှိလာနေသည်။ ဧည့်မထစပါးဈေးနှုန်း ၄၆ ပေါင် ကျပ်  ၅၈၀ဝ၀ဝ မှ ၆၅၇၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိပြီး ဆန်အနေဖြင့် ဆန်တစ်အိတ်ကို ကျပ်၂၄၀ဝ၀ မှ  ၂၆၀ဝ၀ ဈေးဖြင့်   ရောင်းဝယ် လျက်ရှိနေသည်။ စတင်ထွက်ရှိသည့် စက်တင်ဘာလထက် ဈေးနှုန်းမြင့်တက်နေကြောင်းကိုလည်း တွေ့ရှိရသည်။
ဈေးကွက်အနေဖြင့် ယခုနှစ် မိုးရာသီစိုက်ပျိုးမှုစိုက်ဧက နည်းပြီး ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် စပါးများပျက်စီးမှုများသဖြင့် အထွက်နှုန်းလျော့နည်းမှုများ ဖြစ်ပေါ် ခဲ့သည်။  ယခင်နှစ်များထက် ယခုနှစ်တွင် ပြည်ပနိုင်ငံများမှ လည်း ဆန်ဝယ်ယူမှုများရှိခဲ့ပြီး တရုတ်နိုင်ငံမှ ဆန်လိုင်စင် သက်တမ်းကုန်ဆုံးသွားသဖြင့် လိုင်စင်သစ်ချပေးရန် စောင့်ဆိုင်းနေရခြင်းများကြောင့်   အရောင်းအဝယ်အေးနေသည့်အတွက် ဈေးနှုန်းများမှာ တည်ငြိမ်နေသည်။ ဟင်္သာတ ခရိုင်တွင် စားသုံးရန်အတွက် စုဆောင်းမှုများရှိသဖြင့် အနည်းငယ်ဈေးတက်လျက်ရှိနေသည်။ ဘုရင့်နောင်ပွဲရုံများနှင့် အညာ ဈေးကွက်မှာ ပုံမှန်ဝယ်ယူနေပြီး ဈေးနှုန်းတည်ငြိမ်နေသည်။ ဖျာပုံခရိုင်မှထွက်ရှိသော ဆန်များကို တနင်္သာရီ တိုင်း မြိတ်မြို့ရှိ  ကုန်သည်များမှကမ်းရိုးတန်းသင်္ဘောများဖြင့်ပုံမှန် လာရောက်ဝယ်ယူမှုရှိနေသည်။ ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားကောင်းခဲ့ သဖြင့် စပါးဆန်ဈေးနှုန်းမှာ ယခင်နှစ်များထက် များစွာ မြင့်တက်နေသည်။ ဘင်္ဂလာ ဒေ့ရှ်နိုင်ငံ၊ မလေးရှာနိုင်ငံများမှ ဆန်ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေပြီး  ဖိလစ်ပိုင်နိုင်ငံမှလည်း ဆန်ဝယ်ယူရန် စုံစမ်းမှုများရှိနေသဖြင့် စပါးဆန်ဈေး နှုန်းမှာ ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်းသိရသည်။

 

စုသင်းအောင်(ဧရာကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages