အောင်လံကုန်စည်ဒိုင်တွင် မြေပဲလုံးဆန်(ဖြူ/နီ) ဈေးမြင့်တက်

Fri, 01/29/2021 - 08:44 -- admin_ygn

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့်ပွဲရုံများတွင် မြေပဲလုံးဆန်တို့ ဝင်ရောက်ကာ အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ မြေပဲလုံးဆန်များဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့် ဈေးအနည်းငယ် တက်လျက်ရှိသည်။ အောင်လံကုန်စည်ဒိုင်၌ ဇန်နဝါရီ ၁၂ ရက်တွင် မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ၊ မြေပဲလုံးဆန်(နီ) တစ်ပိဿာလျှင် ကျပ် ၂၇၅၀ ဈေး တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်အပတ် ဇန်နဝါရီ ၅ ရက်တွင် မြေပဲလုံးဆန် (ဖြူ)နှင့်(နီ) တစ်ပိဿာလျှင် ကျပ် ၂၉၂၅ ဈေးတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိရာ မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာလျှင် ကျပ် ၁၂၅ ၊မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင်   ၁၇၅ ကျပ်စီ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။

 

လှမိုးခိုင်(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages