ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲဈေးအေးပြီး ပဲတီစိမ်း(အနီ) ဈေးကောင်းရလျက်ရှိ

Wed, 01/27/2021 - 07:55 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတကုန်စည်ဒိုင်တွင် ဇန်နဝါရီလ ပထမပတ်က တစ်တင်းလျှင်  ကျပ် ၃၁၇၀ဝ ဈေး ပေါက်ခဲ့သော မတ်ပဲသည် ဇန်နဝါရီ ဒုတိယပတ်တွင် ဈေး ကျဆင်းလာခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် ကျပ် ၃၀၇၀ဝဈေး ဖြင့် အိတ် ၅၀ဝ အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခင်သီတင်း ပတ်ထက် ကျပ် ၁၀ဝ၀ ကျဆင်းခဲ့သည်။ ကန်သင်းပေါင်နှင့်ကုန်းစောင်းများတွင်စိုက်ပျိုးသော မတ်ပဲ(အသစ်)များ အနည်းငယ်စတင်ထွက်ရှိလာပြီး  တစ်နေ့လျှင် အိတ် ၅၀ ခန့်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိ သည်။ ပဲတီစိမ်းဆီပြောင်တစ်တင်းလျှင်  ကျပ် ၄၃၂၀ဝ ဖြင့်အရောင်း အဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ကျပ် ၂၀ဝ မြင့်တက်ခဲ့သည်။ ပဲတီစိမ်း(ဝါးခယ်မ) တစ်တင်းလျှင် ကျပ် ၄၃၇၀ဝ  ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ၇၀ဝ ကျပ် မြင့်တက်ခဲ့သည်။ ပဲတီစိမ်း(အနီ)တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ဖြင့်အရောင်းအဝယ်ဖြစ်ပြီး  ယခင်သီတင်းပတ်ထက် ကျပ် ၅၀ဝ၀ မြင့်တက်ခဲ့သည်။ ပဲလွမ်းဖြူတစ်တင်းလျှင် ကျပ် ၅၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ကျပ် ၁၅၀ဝ ကျဆင်းခဲ့ကာ ပဲလွမ်းနီတစ်တင်းလျှင် ကျပ်၄၇၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ကျပ် ၂၆၀ဝ မြင့်တက်ခဲ့သည်။ ဖွဲနုပေါင်  ၇၀ တစ်အိတ်လျှင် ကျပ် ၇၂၀ဝ ဖြင့်လည်းကောင်း၊ ဆန်ကွဲ (၁၊၂)၁၀၈ပေါင် တစ် အိတ်လျှင် ကျပ် ၁၉၀ဝ၀ ဖြင့် လည်းကောင်း၊ ဆန်ကွဲ (၂၊၃၊၄) ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၁၈၂၀ဝ ဖြင့်လည်းကောင်း၊  ဆန်ကွဲ (1 & Extra) ၁၀၈ ပေါင်  တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ဝ ဖြင့်လည်းကောင်းယခင်သီတင်းပတ်နှင့်ဈေးနှုန်းတူ အရောင်း အဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရသည်။

 

မောင်မောင်မြတ်ခိုင် (ဟင်္သာတ)

Local Trade News

Pages