ရန်ကုန်ရွှေဈေးကွက်အတွင်း ကုန်ကြမ်းများ ပြတ်လပ်

Thu, 01/28/2021 - 06:48 -- admin_ygn

ကိုဗစ်-၁၉ ဖြစ်ပွားမှု အကျိုးဆက်များကြောင့်  နယ်ဒေသအသီးအသီးမှ ရွှေကုန်ကြမ်းများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ခက်ခဲနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။"ကိုဗစ်ဖြစ်တဲ့အခါကျတော့  မြို့နယ် ကျော်ပြီး သွားလို့လာလို့ မရသေးဘူး။ ရန်ကုန်တိုင်းထဲကို လာမယ့်ဟာတွေကျတော့ ကုန်ကြမ်းတွေက ရန်ကုန်ထဲကို ပြန်မဝင်သေးဘူး။  ကျွန်တော်တို့ ဒီမှာရောင်းမယ့် အထည်ပျက်ကိုပဲ ပြန်ကျိုပြီးတော့ ရောင်းနေဝယ်နေကြတာပေါ့။ ကျွန်တော်တို့ ပုံမှန်အရောင်းအဝယ်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။
လတ်တလော ရန်ကုန်ရွှေဈေးကွက်တွင်  ဝယ်လိုအားထက်  ရောင်းလိုအား မြင့်တက်လျက်ရှိပြီး  ဇန်နဝါရီ ၁၅ ရက် ရန်ကုန်ဈေးကွက်နှင့် မန္တလေးဈေးကွက်တွင် ၁၆ပဲရည် (အကယ်ဒမီ) အခေါက်ရွှေတစ်ကျပ်သားဈေး ဖြစ်ပေါ်နေမှုအရ ကျပ် ၁၃၂၆၀ဝ၀ ဝန်းကျင်ဖြင့် ဈေးမြင့်တက်နေကြောင်း သိရသည်။ ၁၅ ပဲရည် တစ်ကျပ်သားဈေးမှာမူ  ဇန်နဝါရီ ၁၅ရက် ရန်ကုန်ဈေးကွက်နှင့် မန္တလေးဈေးကွက်တွင် နံနက်ပိုင်း ဈေးဖြစ်ပေါ်နေမှုအရ ၁၂၄၈၀ဝ၀ ကျပ်ဝန်းကျင် ဖြင့် ဈေးမြင့်တက်နေခြင်းဖြစ်သည်။  ဇန်နဝါရီ ၁၅ ရက်တွင် ကမ္ဘာ့ရွှေဈေး  တစ်ထရိုင်အောင်စလျှင် ၁၈၅၂ ဒေါ်လာအထိ မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး ပါ စံချိန်တင်လိုက်ပါမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ပန်းဆု