မော်လမြိုင်ကုန်စည်ဒိုင်၌ ရော်ဘာဈေးတက်လာ

Fri, 01/29/2021 - 08:41 -- admin_ygn

ဇန်နဝါရီ ၁၁ ရက် မော်လမြိုင် ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေး များမှာ ရော်ဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၃၀၊ ၁၀၈ ပေါင် (ဆန်သား၉၀ ရာခိုင်နှုန်း) ဆန်(သစ်)တစ်အိတ်ဈေး နှုန်းမှာ ဧည့်မထ ကျပ် ၂၅၀ဝ၀၊ ပေါ်ဆန်း ကျပ် ၃၂၀ဝ၀၊ ပေါ်ကျွဲ ကျပ် ၂၉၀ဝ၀၊  ပိဿာ၂၀ ဝင်  ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၄၀၅၀ဝ၊ မတ်ပဲ ကျပ် ၃၁၂၀ဝ၊ ပဲလွမ်းဖြူ ကျပ် ၅၀ဝ၀ဝ၊ ဗိုလ်ကိတ်ကျပ် ၃၈၀ဝ၀၊ ပဲပုပ်ကျပ် ၁၉၅၀ဝ၊ မြေပဲကျပ် ၅၈၀ဝ၀၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင် လက်ကားဈေး  တစ်လုံး ကျပ် ၁၅၀ဝ မှ ၄၀ဝ၀၊ ကျွဲကောသီး အဖြူရောင် လက် ကားဈေးတစ်လုံး ကျပ် ၁၀ဝ၀ မှ ၂၅၀ဝ၊ ရေထွက်ကုန်  တစ်ပိဿာ (အလတ်စ) ဈေးနှုန်းမှာ ငါးတန်ကျပ် ၂၄၀ဝ၊ ငါးမြစ် ချင်း ကျပ် ၃၀ဝ၀၊ ငါးဖားမကျပ် ၂၂၀ဝ၊ တီလားပီးရား ကျပ် ၃၅၀ဝ၊ ငါးပုတ် သင် ကျပ် ၄၀ဝ၀၊   ငါးပုဏ္ဏား(ထီး) ကျပ် ၈၀ဝ၀၊ ကကတစ် ကျပ် ၈၀ဝ၀၊ ငါး သလောက်(အာနီ) ကျပ် ၁၅၀ဝ၀၊ ကင်း မွန် ကျပ် ၅၅၀ဝ မှ ၈၅၀ဝ၊ ပုစွန်ပျော့ ကျပ် ၁၇၀ဝ၀ မှ ၂၂၀ဝ၀၊ ရေချိုပုစွန် တုပ် (စိမ်း) ကျပ် ၂၅၀ဝ၀ မှ ၃၈၀ဝ၀၊ ကဏန်း(ပန်း) ကျပ် ၃၅၀ဝ မှ ၇၀ဝ၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရ သည်။
ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်း ယှဉ်ပါက R.S.S-3 ရော်ဘာ တစ်ပေါင် ကျပ် ၁၀ ဈေးတက်လာပြီး  မတ်ပဲတစ် တင်း ကျပ် ၃၀ဝနှင့် ဗိုလ်ကိတ်တစ်တင်း ကျပ် ၆၅၀၀ ဈေးနှုန်းကျဆင်းလာ ကြောင်း၊ ဆန်၊ သစ်သီးဝလံများနှင့် ရေထွက်ကုန်များမှာ ဈေးနှုန်းအတက်/ အကျပြောင်းလဲမှုမရှိကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သိရသည်။

 

ဝင်းမြတ် (ရာမညကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages