တောင်ကြီးဘိလပ်မြေဈေးကွက် အရောင်းအေး

Thu, 01/28/2021 - 06:51 -- admin_ygn

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးနေပြီး ဈေးငြိမ်နေ ကြောင်း သိရသည်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံးကျပ် ၅၂၀ဝ၊ အပါချီ  ကျပ် ၄၅၀ဝ၊ ကမ္ဘောဇကျပ် ၄၅၀ဝ၊ ကျားခေါင်း ကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၄၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။ မန္တလေးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ဖြစ်လာကြောင်း သိရသည်။ ယခုတစ်ပတ် ခရောင်း(၅၂၅)နှင့် ခရောင်း (၄၂၅)က  ကျပ် ၁၀ဝ ဈေးကျခဲ့ပြီး ကျန်ဘိလပ်မြေများက ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ အေသုံးလုံး  ကျပ် ၄၀ဝ၀၊ အယ်လ်ဖာကျပ် ၃၉၀ဝ၊ ခရောင်း (၅၂၅) ကျပ် ၄၆၀ဝ၊ ခရောင်း (၄၂၅)ကျပ် ၄၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး  ဈေးငြိမ်နေ ကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ဆင်မြန်မာ ကျပ် ၅၆၀ဝ၊ ကြံ့တစ်ကောင်(ပြာ)ကျပ် ၅၄၀ဝ၊ ကြံ့နှစ်ကောင် (နီ)ကျပ် ၅၇၀ဝ၊ ဆင် (ထိုင်း) ကျပ် ၅၇၅၀ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မကွေးဘိလပ်မြေဈေးကွက်၌   အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး   ဈေးငြိမ်နေ ကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ အပါချီ ကျပ် ၄၄၀ဝ၊ ကြံ့ကျပ်၄၆၅၀၊ ကမ္ဘောဇကျပ် ၅၅၀ဝ၊ ဘလူးဒိုင်းမွန်းကျပ် ၅၂၀ဝ၊အယ်လ်ဖာ ကျပ် ၄၃၀ဝနှင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

 

သီတာဝင်း (DOT)

Local Trade News

Pages