စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Fri, 07/03/2020 - 05:51 -- admin_ygn

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းဥက္ကဋ္ဌ  ဦးမင်းခိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံက ထွက်ရှိသည့် အစေ့ထုတ်ပြောင်းကို ထိုင်း နိုင်ငံသို့ လွတ်လပ်စွာ တိုးတက်တင်ပို့နိုင်ရေး၊ တရုတ်နိုင်ငံသို့လည်း တရားဝင်တင်ပို့ခွင့် အမြန်ဆုံးရရှိစေရေးနှင့် ပြောင်းဈေးကွက် တိုးမြှင့်ရှာဖွေပေးနိုင်ရေးတို့အတွက် အစိုးရက ကူညီဆောင်ရွက်ပေးရေး၊ မြဝတီနယ်စပ်၌ ပြောင်းကုန်သွယ်မှု ဆောင်ရွက်ရာတွင် အရောင်းအဝယ်ကိစ္စရပ်များ မှန်ကန်မှုရှိစေရေးနှင့် ပိုမိုအဆင် ပြေလွယ်ကူမှု ရှိစေရေးတို့အတွက် ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး၊ COVID-19 အလွန်ကာလတွင် ပြောင်းတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ပြည်တွင်းလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်နှင့် ဘဏ်များမှ ထိုက်သင့်သည့် ချေးငွေရရှိစေရေး၊ ပြည်ပသို့တင်ပို့ရာတွင် မိမိတို့ထုတ်ကုန်ပစ္စည်း၏ အရည်အသွေး ပြည့်မီရေး စစ်ဆေးမှုဆိုင်ရာကိစ္စရပ်များနှင့် ပြောင်းမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ ပြောင်းအစြွေေ့ခစက်များ ခေတ်မီစေရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေး၊ ပြည်တွင်းမွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့် ပြောင်းဆန်အား ပြည်တွင်းတွင်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ကုန်သွယ်မှုတွင် ဘဏ်များမှတစ်ဆင့် စနစ်တကျ ငွေပေးချေနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး  ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

MOC (IR)

Local Trade News

Pages