တရုတ်ယွမ်ငွေတည်ငြိမ်နေသည်ဟု တရုတ်ဗဟိုဘဏ်ပြောကြား

Tue, 11/05/2019 - 05:44 -- admin_ygn

         ဈေးကွက်ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် အခြေပြုသော၊ နိုင်ငံ၏ အရန်နိုင်ငံခြားငွေထားရှိမှု အပေါ် ကိုးကားသော ယွမ်ငွေလဲနှုန်းမှာ တည်ငြိမ်နေလျက်ရှိသည်။ ထို့ပြင်ငွေ ကြေးနှင့် ချေးငွေတို့မှာလည်း တဖြည်း ဖြည်း တိုးပွားလာကာ ဈေး ကွက်အတိုး နှုန်းများမှာ နိမ့်နေဆဲဖြစ်သဖြင့် ပြည် တွင်း၊ ပြည်ပစီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အမြော်အမြင် ရှိသော ငွေကြေးမူဝါဒမှာ တရုတ်နိုင်ငံ အတွက် အကောင်းဆုံးဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဗဟိုဘဏ်မှ Yi Gang က ပြောကြားခဲ့သည်။ တရုတ်ဗဟိုဘဏ်အနေဖြင့်  အရည်အသွေးမီသော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် လုပ်သာကိုင်သာ ရှိသော ငွေကြေးနှင့် ဘဏ္ဍာရေး ပတ် ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးရန် ကြိုး ပမ်းရာတွင် မြော်မြင်မှုရှိသောငွေကြေး မူဝါဒအား အကောင်အထည်ဖော်သွား ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ဈေးကွက်အခြေခံ အတိုးနှုန်း များ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံခြား ငွေ လဲလှယ်နှုန်း ပြုပြင်ပြောင်းလဲမှု များကို ပြုလုပ်သွားရန်မှာ တရုတ်ငွေ ရေးကြေးရေး လုပ်ပိုင်ခွင့်အာဏာရှိ သူများ၏ အဓိကတာဝန်များဖြစ်သည် ဟု ရှုမြင်နိုင်သော်လည်း၊ တရုတ်နှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေး တင်းမာမှုကြောင့် စီးပွားရေးနောက်ပြန် ဆွဲမှုများ ဖန်တီးနေသဖြင့် ရှုပ်ထွေး သောကိစ္စများ ဖြစ်လာနိုင်ကြောင်း ဝါ ရင့်တရုတ်စီးပွားရေးသုတေသီတစ်ဦး ဖြစ်သော Yu Yongding က သုံးသပ် ထားသည်။

      တရုတ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ ဝါရင့် ကိုယ်စားလှယ်ဖြစ်သူ Alfred Schipke က  ယွမ်ငွေကြေးမှာ ယူရိုငွေကို ကျော် တက်သွားကာ ကမ္ဘာပေါ်တွင် ဒုတိယ အရေးအပါဆုံးငွေကြေး ဖြစ်လာ ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏ ငွေကြေးအဖွဲ့အစည်းများ ခိုင်မာအား ကောင်းမှုကို ဆက်လက်ထိန်းသိမ်း ထားရန် တရုတ်နိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ဘဏ္ဍာ ငွေကြေးကို အထူးပြု၍ ပံ့ပိုး ကူညီသင့်ကြောင်း မှတ်ချက်ပြုထား သည်။ တရုတ်ယွမ်ငွေကြေးအား အပြည်ပြည်ဆိုင်ရာ ငွေကြေးတစ် ရပ်ဖြစ်လာစေရန် တရုတ်ဘဏ္ဍာရေး အာဏာပိုင်များက ရေရှည်ပန်းတိုင် အဖြစ် သတ်မှတ်ထားရှိသည်။ လတ် တလောတွင် တရုတ်နိုင်ငံသည်  နိုင်ငံခြား ဘဏ္ဍာရေးအဖွဲ့အစည်းများ အတွက် ရှယ်ယာဝေစုပါဝင်မှုကို တိုးမြှင့်ပေးခြင်းအပါအဝင် ၎င်း၏ ဘဏ္ဍာရေးကဏ္ဍတွင် တံခါးပိုမိုဖွင့် လှစ်ပေးလျက်ရှိပြီး  နိုင်ငံသားပိုင်နှင့် နိုင်ငံခြားသားပိုင်  ဘဏ္ဍာရေးအဖွဲ့ အစည်းများအတွက်  တန်းတူယှဉ်ပြိုင် ခွင့်ရစေရန် ပံ့ပိုးကူညီပေးလျက်ရှိသည်။

        အမေရိကန်နှင့် ကုန်သွယ်ရေး တင်းမာမှုများ ရှိနေသော်လည်း ယခုနှစ် သြဂုတ်လကုန်ပိုင်း၌ ကမ္ဘာတစ်ဝန်းတွင် ငွေပေးချေမှုများပြုလုပ်သည့်အခါ တရုတ်ယွမ်ငွေကို အသုံးပြုသည့် ဘဏ္ဍာ ရေး အဖွဲ့အစည်းပေါင်း ၂၂၀ဝကျော် ရှိသည်။ ၎င်းပမာဏ သည် ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၁၁ ဒသမ ၃၁ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ် သည်။ ငွေပေးချေမှုများပြုလုပ်ရာတွင် ယွမ်ငွေဖြင့် ပေးချေမှုမှာ ပဉ္စမမြောက် နေရာတွင် ရှိသည်။ တရုတ်ယွမ်ငွေဖြင့် နိုင်ငံခြားငွေချေးစာချုပ်များမှာ ၂၀ဝ၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၈၉၅ သန်းသာ ရှိရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၈ ထရီလီယံ တန်ဖိုး ရှိလာပါသည်။  ကမ္ဘာတစ်ဝန်းမှ ဗဟို ဘဏ်များတွင် ယွမ်ငွေ အရန်ထား ရှိမှု မှာ ၁ ဒသမ ၉၅) ရာခိုင်နှုန်းတိုးလာကာ အမေရိကန်ဒေါ်လာ ၂၁၂ ဒသမ ၉ ဘီလီယံ တန်ဖိုးနှင့်ညီမျှသော ယွမ်ငွေ များကို အရန်ထားရှိလာကြသည်။ ထို့ပြင် နိုင်ငံခြားအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ယွမ်ငွေလွှမ်း မိုးသော ပိုင်ဆိုင်မှုများမှာ ၂၀၁၃ ခုနှစ် အတွင်း ယွမ် ၂ ဒသမ ၉ ထရီလီယံရှိရာမှ ၂၀၁၈ ခုနှစ်တွင် ယွမ် ၄ ဒသမ ၈၅ ထရီ လီယံရှိလာသောကြောင့် ၆၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း China Daily သတင်းစာတွင် ဖော်ပြထားသည်။

 

ရင်းမြစ်၊ China Daily (၂၁-၁၀-၂၀၁၉)

ဒေါက်တာရွှေစင်ကို

စီးပွားရေးသံမှူး (နန်နင်းမြို့)

International Trade News

Pages