စင်ကာပူတွင် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများ လိုင်စင်လျှောက်ထားမှု အွန်လိုင်းဝန်ဆောင်မှု အသစ် စတင်တော့မည်

Wed, 10/09/2019 - 09:03 -- admin_ygn

       စင်ကာပူတွင် စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းများက စားသောက်ဆိုင်နှင့် ဆိုင်ခန်းအသစ်များ ဖွင့်လှစ်ရန်အတွက် လိုအပ်သော လိုင်စင်လျှောက်ထားရာတွင် ကြိုးနီစနစ်ကို လျှော့ချနိုင်ရန် အွန်လိုင်းဝန် ဆောင်မှုအသစ်ကို စတင်အသုံးပြုသွားမည်ဖြစ်သည်။ ကုန်သွယ်မှုနှင့် စက်မှု ဝန်ကြီးဌာန၊ Smart Nation and Digital Government Office နှင့် အစိုးရနည်းပညာ အေဂျင်စီတို့က ပူးပေါင်းတည်ထောင် ထားသော GoBusiness Licensing Portal သည် အမျိုးမျိုး သော လိုင်စင်လိုအပ်ချက်များအတွက် အစိုးရဌာနအသီးသီး သို့ သီးခြားသွားရောက်၍ လျှောက်ထားရသည့်အချိန်ကို များစွာ သက်သာသွားစေမည် ဖြစ်သည်။ ဤဝန်ဆောင်မှုသည် အွန်လိုင်းမှတစ်ဆင့် မည်သည့်လိုင်စင်များ လိုအပ်မှုရှိကြောင်း ကို မေးမြန်းနိုင်သည့်အပြင် လိုင်စင်လျှောက်ထားသူများအား ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လမ်း ညွှန်ပေးမည် ဖြစ်သည်။

     GoBusiness Licensing Portal ကို ၂၀၁၉ ခုနှစ် အောက် တိုဘာ ၃၁ ရက်မှစ၍ စတင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် Business Times SME Seminar ၌ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန၏ Senior Minister of State ဖြစ်သူ Mr. Chee hong Tat က ကြေညာ ခဲ့သည်။ လက်ရှိ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း များ၏ လိုင်စင်လျှောက်ထားမှု အခြေအနေမှာ ရောင်းချမည့် ပစ္စည်းအမျိုးအစား အပေါ်မူတည်၍ အစိုးရဌာနအသီးသီး အတွက် လိုအပ်သော လျှောက်လွှာ ၁၄ စောင်တွင် အချက် အလက် ၈၄၅ ခုကို ဖြည့်စွက်၍ လျှောက်ထားရကြောင်း၊ Portal အသစ်ဖြင့် ဝန်ဆောင်မှုပေးချိန်၌ လျှောက်လွှာ တစ်စောင်တွင် အချက်အလက် ၉၀ ခုသာ ဖြည့်စွက်ရန် လိုအပ် တော့မည်ဖြစ်ကြောင်းနှင့် လျှောက်လွှာကို သက်ဆိုင်ရာဌာန များသို့ တစ်ပြိုင်တည်း ပေးပို့သွားနိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။

    ယခုကဲ့သို့ စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် လိုင်စင် လျှောက်ထားမှုကို ရိုးရှင်းလွယ်ကူစေရန်အတွက် စတင်လုပ် ဆောင်ရခြင်းမှာ စင်ကာပူတွင် စားသောက်ကုန်လုပ်ငန်းများ အမြောက်အမြားရှိခြင်းနှင့် ယင်းကဏ္ဍ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များသည် အလွန်ရှုပ်ထွေးမှုရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ စားသောက်ကုန်ကဏ္ဍကဲ့သို့ လုပ်ငန်းများစွာရှိပြီး စည်းမျဉ်းစည်းကမ်းပိုင်း ရှုပ်ထွေးသော လက်လီနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအတွက် တိုးချဲ့ဆောင် ရွက်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ကုန်သွယ်မှုနှင့် စက်မှု ဝန်ကြီး ဌာန၏ Senior Minister of State က ပြောကြားသည်။

 

Source : The Straits Times

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့။

International Trade News

Pages