ကုန်သွယ်ရေးတင်းမာမှုဖြစ်နေသော်လည်း တရုတ်၏ ကုန်သွယ်ရေးတိုးတက်နေဆဲဖြစ်

Tue, 11/05/2019 - 05:54 -- admin_ygn

      အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပွားနေဆဲဖြစ်သော်လည်း ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမှာ တည်ငြိမ်ခဲ့ကာ ၂ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရသည်။  စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ယွမ် ၂၂ ဒသမ ၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၃ ထရီလီယံ)ဖြစ်သည်။ ပို့ကုန်ပိုင်းတွင် ၅ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သွင်းကုန်မှာ သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရသည်။ အလားတူကာလတွင် အမေရိကန်နှင့် ကုန်သွယ်ရေးမှာ ယွမ် ၂ ဒသမ ၇၅ ထရီလီယံသို့ ၁၀ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဥရောပသမဂ္ဂနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်   နိုင်ငံများဖြစ်ကြသည်။ ပထမကိုးလအတွင်း ရပ်ဝန်းနှင့်လမ်းကြောင်း အဖွဲ့ ဝင်နိုင်ငံ များနှင့် ကုန်သွယ်မှုမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာကာ ယွမ် ၆ ဒသမ ၆၅  ထရီလီယံအထိ ရှိလာသည်ကို တွေ့ရသည်။

         ပြည်တွင်းဝယ်လိုအား ခိုင်မာနေဆဲဖြစ်ခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများ တိုးချဲ့ ခြင်း၊ အကောက်ခွန်လျှော့ချခြင်းနှင့် ဈေးကွက်အမျိုးမျိုးသို့ ခွဲခြမ်းစိတ်ဖြာခြင်းတို့ ကြောင့် တရုတ်၏နိုင်ငံခြားကုန်သွယ်မှုမှာ ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်ကြောင်း အစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တရုတ်နှင့် အမေရိကန်တို့၏ ကုန်သွယ်ရေးတင်းမာမှုကြောင့် ၂၀၁၉ ခုနှစ် အတွက် ကုန်စည်ကုန်သွယ်ရေးတိုးတက်မှုနှုန်းကို မူလခန့်မှန်းထားသော ၂ ဒသမ ၆ ရာခိုင်နှုန်းမှ ၁ ဒသမ ၂ ရာခိုင်နှုန်းသို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က လျှော့ချခဲ့ရ သည်။

 

 

ရင်းမြစ်၊ China Daily(၁၅-၁၀-၂၀၁၉)

ဒေါက်တာရွှေစင်ကို

စီးပွားရေးသံမှူး (နန်နင်းမြို့)

International Trade News

Pages