‘‘ဒုတိယအကြိမ် အီးယူ-အာဆီယံ ယှဥ်ပြိုင်မှုဆိုင်ရာ သီတင်းပတ်’’ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

Wed, 05/10/2023 - 05:15 -- competition

“ဒုတိယအကြိမ် အီးယူ-အာဆီယံ ယှဥ်ပြိုင်မှုဆိုင်ရာ သီတင်းပတ်” ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နှင့် ၉ ရက်တို့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ လူကိုယ်တိုင် (In- Person) နှင့် Virtual စနစ်တို့ဖြင့် (Hybrid) ပုံစံ ကျင်းပပြုလုပ်ခဲ့ပါသည်။

           ဥရောပသမဂ္ဂ(အီးယူ)နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုများကို အထောက်အပံ့ပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

           အဆိုပါဆွေးနွေးပွဲတွင် “ယှဉ်ပြိုင်မှုကိုဆန့်ကျင်သည့်ဆောင်ရွက်ချက်များနှင့် လုပ်ငန်း များပေါင်းစည်းခြင်းဆိုင်ရာ သုံးသပ်မှုများတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း”၊ “လုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာ သုံးသပ်မှုများတွင် ဆန်းသစ်တီထွင်မှုကို ထည့်သွင်း စဉ်းစားခြင်း”၊ “လုပ်ငန်းများ မတရားပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု နည်းလမ်းများ”၊ “ယှဉ်ပြိုင်မှုနှင့် နိုင်ငံတော်၏အထောက်အပံ့” အစရှိသည့် ခေါင်းစဉ် (၄) ခု ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင် အီးယူမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များက Speaker များအဖြစ် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ သီတင်းပတ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒုတိယဥက္ကဌ ဦးသန်းမောင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ယှဥ်ပြိုင်မှုကော်မရှင်ရုံးမှ တာဝန်ခံအရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။