အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ဒုတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

Fri, 05/05/2023 - 07:48 -- competition

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ဒုတိယအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး(2st ACFTA WGCC) အတွက် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်တွင် အွန်လိုင်းမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူအကာအကွယ်‌ပေးရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ်ပေးရေးအခန်းတွင် ထည့်သွင်းမည့် အပိုင်းများနှင့် အကျုံးဝင်မည့်နယ်ပယ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။