အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေးသို့ တက်ရောက်ခြင်း

Wed, 03/01/2023 - 04:16 -- competition

                အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး (Third Meeting of Working Group on Competition for the ASEAN-Canada Free Trade Agreement - 3rd  ACAFTA WGC ) ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အွန်လိုင်းမှ Vitrual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

                အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) တွင် ထည့်သွင်းရန် နှစ်ဖက်သဘောတူထားသည့် နယ်ပယ်များ အနက် ယှဉ်ပြိုင်မှုမူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့အဆင့် အစည်းအဝေးကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

                အစည်းအဝေးတွင် ACAFTA WGC အာဆီယံဥက္ကဋ္ဌဖြစ်သူ Mr. Arunan Kumaran နှင့် ကနေဒါနိုင်ငံ ယှဉ်ပြိုင်မှုဗျူရိုမှ ယှဉ်ပြိုင်မှုဥပဒေအရာရှိ Mr. Li Yu တို့က တွဲဖက်သဘာပတိ များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကနေဒါနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။