လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနခွဲများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း

Mon, 05/29/2023 - 08:58 -- DotTrading

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။            အဆိုပါသင်တန်းနှင့် ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာန အရာထမ်းများ၊ အမှုထမ်းများ အနေဖြင့် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း၊ ဌစလချုပ်အား Accounting Software ဖြင့်ရေးသွင်းခြင်း၊ ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်း တို့ကို သိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။             

၃။           ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ(၁၅) ရက်မှ (၁၆) ရက်ထိ (တနင်္လာ၊ အင်္ဂါ ) နေ့မှ နံနက် (၁၀:၀၀) နာရီမှ (၁၁:၅၀) နာရီထိ (၂) ရက်ကြာ သင်တန်း ဖွင့်လှစ်ခဲ့ ပါသည်။ အဆိုပါ သင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာန၊ သင်တန်းနည်းပြဆရာမ (၂) ဦိး သင်ကြား ပေးခဲ့ပြီး သင်တန်းသား(၄) ဦး၊ သင်တန်းသူ(၁၉) ဦး ၊ စုစုပေါင်း (၂၃) ဦး တို့တက်ရောက်ခဲ့ပါသည်။

၄။           ဌစလချုပ်အား Accounting Software ဖြင့် ရေးသွင်းခြင်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ (၁၅) ရက်မှ (၁၇) ရက်ထိ (တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး) နေ့ နေ့လယ် (၁၃:၃၀) နာရီမှ (၁၅:၂၀) နာရီထိ (၃) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာန၊ သင်တန်း နည်းပြ ဆရာမ (၁) ဦိး သင်ကြားပေးခဲ့ပြီး သင်တန်းသား (၇) ဦး၊ သင်တန်းသူ (၂၃) ဦး၊ စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

 ၅။          ရငွေများ လက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ (၁၇) ရက်မှ (၁၈) ရက်ထိ (ဗုဒ္ဓဟူး၊  ကြာသပတေး) နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၅၀) နာရီထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာန၊ သင်တန်းနည်းပြ ဆရာမ (၁) ဦိး သင်ကြားပေးခဲ့ပြီး သင်တန်းသား (၃) ဦး၊ သင်တန်းသူ (၁၇) ဦး၊ စုစုပေါင်း (၂၀)ဦးတို့ တက်ရောက် ခဲ့ပါသည်။