စတုတ္ထအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲများအစည်းအဝေး တက်ရောက်ခြင်း

Mon, 03/13/2023 - 09:52 -- competition

စတုတ္ထအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲများအစည်းအဝေး (The 4th ASEAN Heads of Competition Agencies' meeting) ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ပါလာဝမ်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၄၃)ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှု မူဘောင်သဘောတူစာချုပ် ရေးဆွဲမှုအခြေအနေများ၊ ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ (ASEAN Experts Group on Competition-AEGC) ၏ အဓိကဦးစားပေးလုပ်ငန်းများအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၂၅) တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။