ကွန်ပျူတာ အခြေခံအသုံးပြုမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃)

Tue, 05/02/2023 - 08:12 -- DotTrading

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ကွန်ပျူတာ အခြေခံအသုံးပြုမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။       လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ရေးဆွဲထားရှိသည့် သင်တန်းများ အနက် ဧပြီလအတွင်း ဖွင့်လှစ်မည့် ကွန်ပျူတာအခြေခံအသုံးပြုမှုသင်တန်းအမှတ်စဉ်(၁/၂၀၂၃) အား ကုန်သွယ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ကွန်ပျုတာအသုံးပြုမှု အရည်အချင်းတိုးတက်စေရန်  ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။      အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄) ရက်မှ မေလ (၁၆) ရက်ထိ နံနက် (၁၀:၀၀) နာရီ မှ နေ့လည် (၁၂:၃၀) နာရီထိ (တနင်္လာနေ့မှ သောကြာနေ့ထိ) သင်တန်းကာလ (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

၄။      အဆိုပါ သင်တန်းကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်း ချက်များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အမှုထမ်း (၂၆) ဦး၊ နေ့စား (၁၁) ဦး၊ စုစုပေါင်း (၃၇)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိပါသည်။