ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အိန္ဒိယနိုင်ငံ၊ North Eastern Development Finance Corporation Ltd. (NEDFi) ၏ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့်ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးဆိုင်ရာကိစ္စရပ်များပိုမိုမြှင့်တင်

Thu, 02/23/2023 - 08:53 -- Dotbilateral

    မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊အရှေ့မြောက်ပိုင်းဒေသတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲအား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အိန္ဒိယနိုင်ငံ၊ North Eastern Development Finance Corporation Ltd. (NEDFi) မှ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရုံးအမှတ် (၃) ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

     မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်‌အောင် ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသတွင် ပိုမို ကောင်းမွန်သည့် စီးပွားရေးအချက်အချာနေရာများ ဖော်ဆောင်နိုင်ရေးကိုရည်ရွယ်၍ ကျင်းပခဲ့ ခြင်းဖြစ်ပါသည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် ဘာသာရပ် တာဝန်ခံများ တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက်မှ North Eastern Development Finance Corporation Ltd. (NEDFi) မှ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Mr. V. Poduri ဦးဆောင်၍ ကိုယ်စားလှယ် (၁၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

       တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးတွန်းအားပေး ဆောင်ရွက် မည့် ကိစ္စရပ်များ၊ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊ ရထားအပါအဝင်လမ်းပန်း ဆက်သွယ်ရေး အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး ကိစ္စရပ် များ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့တင်ပို့နိုင်မည့် အလားအလာကောင်းသည့် ကုန်စည် များ၊ အိန္ဒိယနိုင်ငံသို့ နယ်စပ်မှတဆင့် ကုန်စည်ပိုမိုတင်ပို့နိုင်ရေးအတွက် ပို့ကုန်ကန့်သတ်ချက်များ ဖြေလျော့ပေး‌ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ (၂) ဘီးယာဉ်၊ (၃) ဘီးယာဉ်အပါအဝင် လျှပ်စစ်ကားတင်သွင်းမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၁၂:၀၀) နာရီအချိန် တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။