ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေး ရက်တိုသင်တန်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂)

Fri, 12/16/2022 - 07:44 -- DotTrading

(သတင်းအပြည့်စုံ)

     ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်း ဆောင်မည့် ကုန်သွယ်ရေးဉီးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းဆိုင်ရာအနီးကပ် ပညာပေးရက်တိုသင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

     အဆိုပါသင်တန်းကို နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း များအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး နေ့စဉ်လုပ်ငန်း များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ကုန်သည်လုပ်ငန်းရှင်များအပေါ် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

    ယခုဖွင့်လှစ်သည့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ် ပညာပေး ရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့မှ (၂၃) ရက်နေ့အထိ (ရုံးပိတ်ရက်မပါ) နေ့လည်(၁၃း၃၀)နာရီမှ (၁၆း၀၅)နာရီထိ (၈)ရက်ကြာ ဖွင့်လှစ် သင်ကြားသွားရန် ရှိပြီး သင်တန်းသား(၃၄) ဦး တက်ရောက်သင်ကြား လျက်ရှိပါသည်။

 

ကုန်သွယ်မှုပညာပေးရေးဌာနခွဲ