MESSE NAGOYA 2016 စက်မှုကုန်စည်ပြပွဲကျင်းပမည်

Wed, 05/25/2016 - 00:00 -- dotadmin

ဂျပန်နိုင်ငံ၊ နာဂိုရာမြို့တွင် MESSE NAGOYA 2016 စက်မှု ကုန်စည်ပြပွဲကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပပြု လုပ်မည် ဖြစ်ပါသည်။ အဆိုပါ စက်မှု ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုမ္ပဏီများ ပါဝင်ပြသရန် နာဂိုရာ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များ အသင်းချုပ်မှ ဖိတ်ကြားလာ ပါသည်။

အဆိုပါ ကုန်စည်ပြပွဲသည် ဂျပန်နိုင်ငံရှိ ကုန်စည်ပြပွဲများတွင် အကြီးဆုံး တစ်ခုဖြစ်ပြီး၊ နာဂိုရာ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် Aichi Prefectural Government ၊  City of Nagoya တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြပွဲကာလတွင် Seminar များ၊ Business Matching များ ပြုလုပ်ရန် စီစဉ်ထားပါသည်။

ကုန်စည်ပြပွဲ္ပ၌ ပါဝင်ပြသခြင်းဖြင့် မြန်မာနိုင်ငံ ရှိ ကုမ္ပဏီများ သည် နိုင်ငံတကာမှ လုပ်ငန်းရှင်များနှင့် စီးပွားရေးချိတ်ဆက်နိုင်မှုများ ရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ လာရောက်ပြသမည့် ကုမ္ပဏီများအား ပြခန်းနေရာအတွက် စီစဉ်ပေးမည်ဖြစ်ပြီး၊ ကုန်ကျစရိတ်ကို လာရောက်ပြသမည့် ကုမ္ပဏီ မှ ကျခံရမည်ဖြစ် ပါသည်။ ပြခန်းတစ်ခန်းလျှင် ဂျပန်ယန်း (၁၆၂၀၀၀) ပေးချေရမည်ဖြစ်ပါသည်။ လေ့လာသူ အနေနှင့်လည်း သွားရောက်လေ့လာနိုင်ပါသည်။

သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူ စီးပွားရေး လုပ်ငန်းရှင်များ၊ တက်ရောက်လိုသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုဗဟိုဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမှတ်- ၂၂၈-၂၄၀၊ ရွှေဘုံသာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁ ၂၅၄၀၂၄၊ ဖက်စ်- ၀၁ ၂၅၄၀၂၃၊

 Email:[email protected] (link sends e-mail) သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။