မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် Korea Importers Association ( KOIMA ) တို့ ပူးပေါင်းပြီး “Myanmar- Korea Business Forum & Seminar” ကို Sule Shangri- La Hotel ၌ ကျင်းပခြင်း

Thu, 06/09/2016 - 00:00 -- ictuser

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် Korea

 Importers Association ( KOIMA ) တို့ ပူးပေါင်းပြီး “KOIMA BUSINESS MATCHING”  ပွဲကို Sule

 Shangri- La Hotel, Myanmar Ballroom, Yangon  ၌ ၇.၆.၂၀၁၆ ရက်နေ့၊ နံနက် ( ၉:၃၀ ) နာရီတွင်

  ကျင်းပပြုလုပ်ခဲ့ပါသည်။

  ဖွင့်ပွဲအခမ်းအနားသို့ ကိုရီးယားနိုင်ငံမှ သံအမတ်ကြီး H.E. Mr. Yoo Jae Kyung ၊Korea Importers

  Association ( KOIMA ) ဥက္ကဌ Mr. Myoung- Jin Shin ဦးဆောင်သည့်  ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ 

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊

 ညွှန်ကြားရေးမှူး ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှု

  လုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဌ ဦးမျိုးသက်၊  မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူများ၊

  မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှုအနုပညာ

  လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း၊ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများနှင့်

  ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ သစ်လုပ်ငန်းရှင်များအသင်း၊ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံကြက်သွန်နီ၊

  ကြက်သွန်ဖြူနှင့်စားဖိုချောင်သီးနှံစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ အပါအဝင်

  စုစုပေါင်း ( ၁၄၀ ) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

            အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ

  ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ကိုရီးယားနိုင်ငံမှ သံအမတ်ကြီး H.E. Mr. Yoo Jae Kyung ၊  Korea Importers Association

  ( KOIMA )မှ Mr. Myoung Jin Shin နှင့် UMFCCI မှ ဒုတိယဥက္ကဌ၊ ဒေါက်တာမျိုးသက် တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် 

  အဖွင့်အမှာစကားများကို အသီးသီးပြောကြားခဲ့ပါသည်။ ဆက်လက်၍ MYANTRADE မှ ညွှန်ကြားရေးမှူး ဒေါ်နော်မူတာကပေါမှ

  “MYANTRADE” နှင့် ပတ်သက်သည့် အကြောင်းအရာများကို Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ နေ့လည် (၁၄:၀၀)

  နာရီမှ (၁၇:၀၀) နာရီအထိ  ကိုရီးယားနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များအကြား  စီးပွားရေးတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြပါသည်။

Myanmar- Korea Business Forum & Seminar (B2B) ပွဲသို့ မြန်မာလုပ်ငန်းရှင် (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။