ဗီယက်နမ်ကုန်စည်ပြပွဲ ကျင်းပခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကျင်းပ

Fri, 12/04/2015 - 14:27 -- ictuser

 

Wed, 11/11/2015 - 15:17 -- rgn_ICT

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှ ၂၂ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ  တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်မယ့် ဗီယက်နမ်ကုန်စည်ပြပွဲနဲ့ စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၅ ရက် ၁၀း၃၀ ချိန်က ရန်ကုန်တိုင်းဒေသ ကြီး၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ Park Royal Hotel မှာပြုလုပ်ခဲ့ တယ်လို့သတင်းရရှိပါတယ်။

ကုန်စည်ပြပွဲကို ဗီယက်နမ်စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး၊ ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ (VIETRADE)တို့ ပူးပေါင်းကျင်းပသွားမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှ အကြီးဆုံး ကုမ္ပဏီများ အပါအဝင် လုပ်ငန်းရှင် ၆၀ ကျော် ပါဝင်ပြသမှာဖြစ်ပါတယ်။ အဓိက စီးပွားရေးမိတ်ဖက်များနဲ့ တွေ့ဆုံခွင့်၊ မဟာဗျူဟာကျ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခွင့်များကို ရရှိနိုင် မယ့် ပြပွဲတစ်ခုဖြစ်တယ် လို့ သိရပါတယ်။

ပြခန်းပေါင်း ၁၂၀ ခန့်ပါဝင်ပြသမှာဖြစ်ပြီး ဗီယက်နမ်လုပ်ငန်းရှင်များက အရည်အသွေးမြင့်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု များကို  ပြသသွားမှာ ဖြစ်ပါတယ်။  ပြသမဲ့ ကုန်ပစ္စည်းတွေကတော့ အစားအစာနဲ့ အဖျော်ယမကာ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ စက်ပစ္စည်းများနဲ့ စက်ယန္တရားများ၊ ဆေးဝါးနဲ့ အလှကုန်များကို ပြသသွားမှာဖြစ်ပြီး ကုန်စည်ပြပွဲနဲ့အတူ Business Matching ကိုလည်းတစ်ပါတည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ VIETRADE (ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေး အေဂျင်စီ)ရဲ့ ဝက်ဘ်ဆိုက်ကတော့ www.vietrade.gov.vn(link is external) , e.mail mhctl @ vietrade.gov.vnဘဲဖြစ်ပါတယ်။