ပထမအကြိမ် မြန်မာ - တရုတ်(တိုင်ပေ) ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကျင်းပခြင်း

Fri, 05/27/2016 - 00:00 -- ictuser

၂၀၁၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပထမအကြိမ် မြန်မာ - တရုတ်(တိုင်ပေ) ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။
အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပ ပြုလုပ်ခဲ့သည့်  ပထမအကြိမ်၊ ညွှန်ကြားရေးမှူးချုပ်အဆင့် ကုန်သွယ်ရေးဆွေးနွေးပွဲမှ နောက်ဆက်တွဲ အ ကြောင်းအရာများအပေါ်  ပြန်လည်သုံးသပ်ဆွေးနွေးရန်ဖြစ်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးအောင်စိုး ဦးဆောင်၍   ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဦးဟန်၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ (၂၇) ဦးနှင့် တရုတ်(တိုင်ပေ) စီးပွားရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဗျုရိုမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် Ms. Shu-Mei Yang ဦးဆောင်သောအဖွဲ့ဝင် (၁၆) ဦးတို့ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ နှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရန် MOU များ ရေးထိုးရေးအတွက် ဆွေးနွေးခဲ့ကြပြီး တရုတ်(တိုင်ပေ) ရှိ International Economic Affairs  မှ မြန်မာနိုင်ငံအတွက် အရာထမ်း(၂)ဦးအား ပညာသင်ဆုပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။