တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှန်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Fri, 12/04/2015 - 15:13 -- ictuser

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှဦးစီး၍ ပညာရေးဦးစီးဌာန၊ ဥပဒေရုံး၊ စည်ပင် သာယာရေးအဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူအကာအကွယ်ပေး ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းရီက အဖွင့်အမှာစကား ပြောကြားဆောင်ရွက်၍ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိုးရီ က စားသုံးသူအကာအကွယ်ပေးရေး ပေါ်ပေါက်လာပုံ၊ အခြေခံသဘောတရားများ၊ စားသုံးရန်မသင့် ကြေညာထားသည့် အစားအသောက်များ၊ လုံခြုံစိတ်ချမှုမရှိသော အစားအသောက်များကို စားသုံးသူ များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်နှင့် အစေားအသောက်များတွင် သုံးစွဲသော ခွင့်မပြုဓာတုဆိုး ဆေးနှင့် နောက်ဆက်တွဲ ရောဂါများအကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုးမှ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အစား အသောက်များ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ကောင်းဖြစ်စေရေးကိုလည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာတင်ဌေးက အေးခဲအသားများ၊  လတ်ဆတ်သန့်ရှင်းသော အသားငါးများ ရွေးချယ်စားသောက်ရေး၊ သန့်ရှင်းစွာကိုင်တွယ်ချက်ပြုတ် ရေး၊ တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရေးနှင့် နေထိုင်ပုံအကြောင်းတို့ကိုလည်းကောင်း၊ ကုန်သွယ်မှုမြှင့် တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး သိကောင်းစရာ VIDEO မှတ်တမ်းပြသခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ၊ ဟောပြောဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးမောင်ညိုက ကျေးဇူးတင်စကား ပြောကြားခဲ့ပါ သည်။ ဟောပြောပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်းအင်အား (၄၈၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။