စပါးခွံဓာတ်ငွေ့အသုံးပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစွမ်းအားမြှင့်တင်မှု သုတေသနပြု စီမံကိန်းလက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

Fri, 05/10/2013 - 03:24 -- admin

         မြန်မာနိုင်ငံတွင် စပါးခွံဓာတ်ငွေ့အသုံးပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစွမ်းအား မြှင့်တင်မှုအတွက် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ် ရေးနှင့် ဂျပန်နိုင်ငံ Bio-Fuel Co., Inc တို့ ပူးပေါင်းသုတေသနပြုစီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်း အဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့်စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry – METI) နှင့် ဂျပန်နိုင်ငံ စွမ်းအင်သစ် နှင့် စက်မှုနည်းပညာ ဖွံံ့ဖြိုးတိုးတက်ရေးအဖွဲ့ (New Energy and Industrial Technology Development Organization-NEDO)နှင့် ဂျပန်နိုင်ငံBio-Fuel Co., Incတို့မှတာဝန်ရှိသူများ၊  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အသင်းအဖွဲ့များမှ ဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါ သည်။

       အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ စီမံကိန်းနှင့်ပတ်သက်၍ ကူညီပံ့ပိုးပေးသော METI၊ NEDO နှင့် Bio-Fuel Co.,Inc များသို့ ကျေးဇူးတင်အမှာ စကားပြောကြားပြီး ပြည်တွင်း၌ အသုံးပြုနေကြသည့် စပါးခွံဓာတ်ငွေ့ အင်ဂျင်များမှာ ပြည်တွင်းရှိ ကျွမ်းကျင်သူများ က ထုတ်လုပ်သည့်စက်များဖြစ်ပြီး စပါးခွံဓာတ်ငွေ့တွင် ပါလာသောကတ္တရာကို ကုန်စင်အောင် သန့်စင်နိုင်သည့် အတွက် စက်လည်ပတ်မှု မတည်ငြိမ်ခြင်း၊ အင်ဂျင် သက်တမ်းကျဆင်းခြင်း၊ မကြာခဏအင်ဂျင်ဖွင့်၍ ကတ္တရာများ သန့်စင်ပေးရခြင်းစသော အားနည်း ချက်များရှိသည့်အပြင် ပတ်ဝန်းကျင်ပြည်သူများအတွက်ပါ ကျန်းမာရေး ထိခိုက် လာနိုင်ဖွယ်ရှိ ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံ METI နှင့် NEDO တို့မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်းက လာရောက်ပြီး MAPT၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာဆန်စက် ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ ကွင်းဆင်းလေ့လာခြင်းများကို ညှိနှိုင်းဆောင် ရွက်ခဲ့ကြပြီး ယင်း စီမံကိန်းကို ဂျပန်နိုင်ငံ NEDO အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်ရန် ၁၀.၉.၂၀၁၂ ရက်တွင် METI နှင့် မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးတို့သည် Meeting Minute ကိုနစ်ဖက်လက်မှတ်ရေးထိုးနိုင်ခဲ့ ကြကြောင်းဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇန်နဝါရီလ ၈ ရက်၊ နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံတွင် စပါးခွံဓာတ်ငွေ့ အသုံးပြုလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စွမ်းအား မြှင့်တင်မှုအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်း ဝယ်ရေးနှင့် ဂျပန်နိုင်ငံ Bio-Fuel Co., Inc တို့ ပူးပေါင်းသုတေ သနပြုစီမံကိန်းအကောင် အထည်ဖော်ရေးလုပ်ငန်းသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနား တွင် ပြောကြားသည်။

       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဤသုတေသနပြု စီမံကိန်းသည် နည်းပညာမြင့်မားသည့် ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက်ပြီး မိမိတို့နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်၍ အောင်မြင်မည်ဟုလည်း တစ်ထစ်ချ ယုံကြည်မိကြောင်း၊ သုတေသနရလဒ်ကောင်းများ ထွက်ပေါ်လာပါက မိမိတို့ဘက်မှ လက်ဆင့်ကမ်း ပညာ ဖြန့်ေ ဝပေးခြင်း များ ကိုလည်း တစ်စိုက်မတ်မတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်း စီမံကိန်းအောင်မြင် လာပါကမိမိတို့နိုင်ငံတွင်ရှိသည့်ဆန်စက်များ၌ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုလာနိုင်မည်ဖြစ်သည့်အပြင် ကျေးရွာမီးလင်းရေး လုပ်ငန်းများတွင်ပါများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့်ကျေးလက် အခြေခံအသေးစား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့်  ကျေးလက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယခုသုတေသန လုပ်ငန်းသည် နှစ်နိုင်ငံအကြားအကျိုးပြုမည့် စီမံကိန်း တစ်ခုလည်းဖြစ်ကြောင်း၊ စီမံကိန်းအောင်မြင်ရေးအတွက် အတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းကို အဓိကပံ့ပိုးအကူအညီပေးခဲ့သည့် NEDO အဖွဲ့အား အထူး ကျေးဇူးတင်ရှိပါကြောင်းဖြင့်လည်း ပြောကြားသည်။

    ဆက်လက်၍ NEDO ဥက္ကဌ Dr. Kazuo Furukawa က စီမံကိန်းဆိုင်ရာ အချက်အလက် အကျဉ်းချုပ်ကို ရှင်းလင်းပြောကြား ပြီး မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ဦးဆောင် ညွှန်ကြားရေးမှူးနှင့် Bio-Fuel Co., Inc ဥက္ကဌ Mr. Tomitake Maruyama တို့က သုတေသန လုပ်ငန်း ဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြသည်။

    အဆိုပါစီမံကိန်းမှာ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန (METI) နှင့် ဂျပန် နိုင်ငံစွမ်းအင်သစ်နှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (NEDO) တို့၏ ဦးဆောင်ပံ့ပိုးကူညီမှုဖြင့် ဂျပန်ဘက်မှ Bio-Fuel Co., Inc နှင့်အတူ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများဖြစ်သည့် Enbio-tech., Inc နှင့် Tokyo Electric Power Company တို့မှအကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ပြီး မြန်မာဘက် မှ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်း ရှင်များအသင်းနှင့် မြန်မာဆန်စက် ကုမ္ပဏီ လီမိတက် တို့မှ ပါဝင်ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

      စီမံကိန်းကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းအတွက် NEDO မှ ဂျပန် ယန်းသန်း ၉၀ နှင့် Bio-Fuel Co., Inc မှ ဂျပန် ယန်းသန်း ၄၀ ထည့်ဝင် မှုဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။