နိုင်ငံခြားငွေလိုအပ်ချက်များအတွက် နိုင်ငံခြားငွေသုံးစွဲခွင့် တောင်းခံလွှာများ ပေးပို့ရာတွင် အသုံးပြုရန် အဓိက နိုင်ငံခြားငွေကြေး (၅)မိုျးအတွက် ငွေလဲလှယ်နှုန်းများသတ်မှတ်ခြင်း

Thu, 05/09/2013 - 05:12 -- admin

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၁-၁၀-၂၀၁၂ ရက်စွဲပါအမှာစာအမှတ် မဗဘ/ ငွေကြေးမူ ဝါဒ/၄/ ၅၀/ ၂၀၁၂-၂၀၁၃ ဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်၏ (၁-၁၀-၂၀၁၂ မှ ၃၀-၃-၂၀၁၃) ကာလအတွင်း နိုင်ငံခြားငွေလိုအပ်ချက်များနှင့် စပ်လျဉ်း၍ နိုင်ငံခြားငွေသုံးစွဲခွင့်တောင်းခံလွှာများတွင် ရည်ညွှန်း အသုံးပြုနိုင်ရန် အဓိကနိုင်ငံခြားငွေ (၅)မိုျး၏ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို အောက်ပါအတိုင်း သတ်မှတ်ကြောင်း သိရှိရပါသည် - (က) အမေရိကန်ဒေါ်လာ (၁) = ၈၈၀ ကျပ် (ခ) ယူရို (၁) = ၁၁၃၅ ကျပ် (ဂ) ဂျပန်ယန်း (၁၀၀) = ၁၁၃၀ ကျပ် (ဃ) ပေါင်စတာလင် (၁) = ၁၃၀၀ ကျပ် (င) ဆွစ်ဖရန့် (၁) = ၉၄၀ ကျပ်- အထက်ဖော်ပြပါ ငွေလဲလှယ်နှုန်းများကို ၁-၁၀-၂၀၁၂ မှ ၃၁-၃-၂၀၁၃ အထိ(၆)လတာအတွင်း ပုံသေထား၍ ငွေလွဲှစာတမ်းဖွင့်လှစ်ခြင်း၊ သင်္ဘောတင် စာရွက်စာတမ်းများ ရွေးယူခြင်း၊ ငွေလွဲှပေးပို့ ခြင်း စသောကိင်္စစရပ်များအတွက် ရည်ညွှန်းအသုံးပြုရန်နှင့် အဓိကငွေကြေး (၅)မိုျးတွင် မပါဝင်သည့် အခြားငွေကြေးအမိုျးမိုျးအတွက် နိုင်ငံခြားသုံးငွေ တောင်းခံမှုများတွင် အသုံးပြုရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လစဉ်သတ်မှတ်သည့် Certified Average Rate ကို အသုံးပြုရန် ဖြစ်ကြောင်း သိရှိ ရပါသည်။