ဘင္ဂလားဒေ့ရှ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ဖိနပ်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း ြမင့်တက်ခဲ့

Thu, 03/30/2023 - 04:37 -- DotBorderdep

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့

   ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမေရိကန်သို့ ဖိနပ်တင်ပို့မှုသည် ၂၀၂၁ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၂၇၄.၅၈) သန်းရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄၅၁.၄၀) သန်းရှိခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမေရိကန်သို့ ဖိနပ်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် (၆၄)ရာခိုင်နှုန်း တိုးလာကြောင်းဘင်္ဂလားဒေ့်ရှ့်နိုင်ငံထုတ် Tribune Desk သတင်း၌ မတ်လ ၂ရရက်နေ့တွင် ရေးသားထားသည်။

   ထိုသို့ဘင်္ဂလားဒေ့ရှ်မှ အမေရိကန်သို့ ဖိနပ်တင်ပို့မှုမြင့်တက်လာရခြင်းမှာ အမေရိကန် ဝယ်လက်များသည် ၎င်းတို့မူလဝယ်ယူနေသည့် တရုတ်နှင့် ဗီယက်နမ်မှ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့ဝယ်ယူခြင်းကြောင့် ဖြစ်ကြောင်းရေးသားဖော်ပြထားသည်။

   ယခုနှစ်အတွင်းတရုတ်နိုင်ငံမှ အမေရိကန်၏ ပို့ကုန်အမှာစာများ လွှဲပို့ရောက်ရှိလာမှု့အရ လာမည့်ရက်များအတွင်း ဘင်္ဂလားဒေ့ရှ်၏ ဖိနပ်တင်ပို့ရသည့် ဈေးကွက်သည် အမေရိကန် ဖြစ်လာပြီး ဥရောပထက် ပိုမိုကြီးမားသော စျေးကွက်ဖြစ်လာမည်ဟု ပြည်တွင်းပို့ကုန် လုပ်ငန်းရှင်များက မျှော်လင့်ခဲ့ကြကြောင်း ဖော်ပြထားသည်။

   အမေရိကန်မှ ဖိနပ်တင်သွင်းသူများသည် ယခင်တင်သွင်းနေကျနိုင်ငံများဖြစ်သည့် တရုတ်၊ ဗီယက်နမ်နိုင်ငံများအပြင်  အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ များမှ ဖိနပ်များကိုတိုးမြှင့်တင်သွင်းလျက်ရှိကြောင်း ရေးသားထားသည်။

   အမေရိကန်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ အချက်အလက်များအရ၂၀၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ဖိနပ်တင်သွင်းမှုသည် ကမ္ဘာ့ဖိနပ်တင်သွင်းမှုစုစုပေါင်း၏ (၃၅.၅၁) ရာခိုင်နှုန်းဖြစ်ကြောင်းရေးသားထားသည်။  အမေရိကန်မှ ဖိနပ်တင်သွင်းမှုသည် တန်ဖိုး အားဖြင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၂၅.၂၃)ဘီလီယံဖိုးတင်သွင်းခဲ့ပြီး  ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ( ၃၃.၄၃) ဘီလီယံဖိုးထိတိုးမြင့်ခဲ့ကြောင်း ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ ပို့ကုန်မြှင့်တင်ရေးဗျူရို၏ ထုတ်ဖော်ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ် ၏ ဖိနပ်များမှ ပို့ကုန်ဝင်ငွေသည် ၂၀၂၂ ခုနှစ်တွင် (၂၅.၆၃)ရာခိုင်နှုန်းရှိခဲ့ပြီး တန်ဖိုးအားဖြင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၁.၀၂)ဘီလီယံ မှ ၂၀၂၂ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ (၁.၂၈) ဘီလီယံအထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်းလည်း ရေးသားထားသည်။ ဘင်္ဂလားဒေ့ရှ်၏ ဖိနပ်တင်ပို့သည့် တန်ဖိုးဒေါ်လာ(၁.၂၈)ဘီလီယံရှိသည့်အနက် ဒေါ်လာ(၇၉၅.၅၃)သန်းသည် သားရေဖိနပ်များပို့ဆောင်ခြင်းမှ ရရှိခြင်းဖြစ်သည်။

https://www.dhakatribune.com/commerce

International Trade News

Pages

Border Trade News

Pages