ဘင္ဂလားဒေ့ရှ်အစိုးရသည် e-commerce ပလပ်ဖောင်းများတွင်း လိမ်လည်မှုများကို တိုင်ကြားရန်နှင့် ​ြေဖရှင်းချက်များ စတင်ဆောင်ရွက်ြပီဖြစ်ကြောင်း ​ြေကငြာချက်ထုတ်ပြန်

Thu, 02/23/2023 - 05:32 -- DotBorderdep

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူအခွင့် အရေးများကို ကာကွယ်ရန်နှင့် e-commerce တွင် လိမ်လည်မှုများကိုကာကွယ်ရန် Central Complaint Management System (CCMS) ကို ဖေဖော်ဝါရီလ ၁၉ရက်နေ့(တနင်္ဂနွေနေ့)တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါနေ့ထုတ် Dhaka Tribune တွင် ဖော်ပြထားသည်။

CCMS စနစ်သည် စားသုံးသူတစ်ဦးမှ  e-commerce နှင့်ပတ်သက်သည့် တရားဝင်တိုင် ကြားချက်မှန်သမျှကို အလွယ်တကူတင်ပြနိုင်ပြီး ဖြေရှင်းချက်ပေးနိုင်မည့် သက်ဆိုင်ရာကိုရှာ ဖွေနိုင်သည့် ဗဟိုပလက်ဖောင်းတစ်ခုဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။

အဆိုပါပလပ်ဖောင်းအား စားသုံးသူအကာအကွယ်ပေးရေးအာဏာပိုင်များ၊ e-commerce နှင့် ချိတ်ဆက်ဆောင်ရွက်သူများ၊ အချက်အလက်စနစ်များနှင့် ပုံမှန်လည်ပတ်မည့် စက်ပစ္စည်း များနှင့် အလိုအလျောက်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရေးသားဖော်ပြထားသည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် “Digital Bangladesh” မှ“Smart Bangladesh” သို့ လျင်မြန်စွာရွေ့လျားနေပြီး၊ နိုင်ငံသားများသည်လည်း e-commerce ၏ အကျိုးကျေးဇူးများကို ခံစားနေကြရပြီဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။ e-commerce ကဏ္ဍသည် များစွာ ကျယ်ပြန့်လာပြီး လိမ်လည်မှုများလည်း တိုးလာသည့်အတွက် ယင်းကိုကာကွယ်ရန် အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ ပြော ကြားခဲ့ သည်ကိုလည်း ရေးသားဖော်ပြထားသည်။

https://www.dhakatribune.com/business/

International Trade News

Pages

Border Trade News

Pages