ဘင္ဂလားဒေ့ရှ်နိုင်ငံ၏ နောက်ထပ်ပို့ကုန်သည် လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ ြဖစ်နိုင်ကြောင်း Dhaka Tribune သတင်းစာတွင် ရေးသားဖော်ပြ

Thu, 01/26/2023 - 07:41 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့

          .ဘင်္ဂလားဒေ့ရှ့်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ ပို့ကုန်များသည် နှစ်စဉ်ပြောင်းလဲမှုများ ရှိကြောင်း Dhaka Tribuneသတင်းစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သောနှစ်များအတွင်းအထိ ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှ ပို့ကုန်စုစုပေါင်း၏ ၈၀ရာခိုင်နှုန်းကျော်မှာ အသင့်ချုပ်အဝတ် အထည် များဖြစ်ကြောင်းလည်းဖော်ပြပါရှိသည်။

          ယခုနှစ်အတွင်းဘင်္ဂလားဒေ့ရှ့်နိုင်ငံမှ လျှပ်စစ်မီးလုံး၊မီးချောင်း၊ ဝါယာကြိုးနှင့် လျှပ်စစ် ဆက်စပ်ပစ္စည်းများစသည့် လျှပ်စစ်ထုတ်ကုန်ပစ္စည်းများကိုတရုတ်၊ အမေရိကန်၊ စင်ကာပူ နှင့်ဂျပန်တို့ကဲ့သို့သော အလားအလာရှိသော စျေးကွက်များသို့ တင်ပို့ခြင်းဖြင့် ဒေါ်လာ ၂၅ ဘီလီယံအထိနိုင်ငံအတွက် ဝင်ငွေရရှိနိုင်ကြောင်း ရေးသားဖော်ပြထားသည်။ အစိုးရမှလည်း အဆိုပါကဏ္ဍအတွက် လိုအပ်သောမူဝါဒများချမှတ်ပေးခြင်းဖြင့် အထောက်အပံ့ပေးသင့်ကြောင်း လည်းရေးသားဖော်ပြထားသည်။

          ၂၀၃၀ ပြည့်နှစ်အထိနိုင်ငံအတွက် နှစ်စဉ် ပို့ကုန်ရငွေအမေရိကန်ဒေါ်လာ ၁၂.၅၆ ဘီလီယံ အထိဝင်ရောက်နိုင်သော အဆိုပါလျှပ်စစ်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် စီမံကိန်း များရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အပြင် စီမံကိန်းအဆင့်မှ ထိထိရောက် ရောက် အကောင်အထည်ဖော်နိုင်စေရန်အတွက် သင့်လျော်သော ဘဏ္ဍာငွေနှင့်လိုအပ်သည့် စည်းမျဉ်းစည်းကမ်းမူဝါဒများအစိုးရအနေဖြင့် ချမှတ်ဆောင်ရွက်ရန် အစီအစဉ်တစ်ခု လိုအပ်ပါ ကြောင်းလည်းရေးသားဖော်ပြထားသည်။

          လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် ပစ္စည်းများအဆင့်အလိုက် ထုတ်လုပ်မှုကဏ္ဍခွဲများကို ခွဲခြားသတ်မှတ်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများကို မက်လုံးများပေး၍ ဆွဲဆောင်ခြင်းနှင့် သင့်လျော်သောလမ်းညွှန်ချက်များနှင့် မူဝါဒများကိုချမှတ်ပေးခြင်းတို့ကို သက်ဆိုင်ရာအာဏာပိုင်များမှ တာဝန်ယူဆောင်ရွက်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ယခုအချိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးခရီးရှည်၏ အရေးကြီးသော အချိန် ကာလတွင် ရောက်ရှိနေပြီးစက်မှုလုပ်ငန်းအသစ်များကို တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးသို့ဝင်ရောက်ရန် အချိန်ကောင်းဖြစ်ပါကြောင်းရေးသားဖော်ပြထားသည်။

ရင်းမြစ် - https://www.dhakatribune.com/commerce

International Trade News

Pages

Border Trade News

Pages