စစ်တွေမြို့ရှိ အိန္ဒိယ-ြမန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးစီမံကိန်း ကုလားတန်ြမစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ စစ်တွေကုလားတန် ဆိပ်ခံတံတားဖွင့်လှစ်ခြင်းနှင့် နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေး ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ တွေံဆွနွ

Thu, 05/11/2023 - 06:10 -- DotBorderdep

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင်တည်ရှိသော ကုလားတန်ဘက်စုံသယ်ယူပို့ ဆောင်ရေး စီမံကိန်းတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းအား ၂၀၂၃ခုနှစ်၊ မေလ (၉)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အိန္ဒိယသမ္မတနိုင်ငံ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး ဝန်ကြီး ဌာနဝန်ကြီး H.E. Shri SarbanandaSonowalတို့သည် အတူတကွပူးတွဲဖွင့်လှစ်ခဲ့ကြ သည်။ အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကြီးနှင့်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ လိုက်ပါလာသော စက်မှုကုန်သည်လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြသည်။

   ဆက်လက်၍ နေ့လယ် (၁၂: ၃၀) အချိန်၌ နှစ်နိုင်ငံဝန်ကြီးများဦးဆောင်၍ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကိုရခိုင်ပြည်နယ် စစ်တွေဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည် ။ အဆိုပါတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များ ၊ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ ၊မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးမှ သံအမတ်ကြီးနှင့်တကွ ကောင်စစ်ဝန်များ ၊ အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များနှင့် ရခိုင်ပြည်နယ် မှ စီးပွားရေးလုပ်ငန်းရှင် များတက်ရောက်ခဲ့ကြသည်။

   အဆိုပါတွေ့ဆုံပွဲအခမ်းအနား၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှုအတွက် ငွေကြေးပေးချေမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှု အဆင်ပြေစေရေး ၊ စစ်တွေဆိပ်ကမ်းကို အခြေပြုတင်ပို့သော မြန်မာ့ ပို့ကုန်များအတွက် အခွန်အကောက် လျှော့ပေါ့သက်သာခွင့်ရရှိရေးနှင့် စစ်တွေ-ကလကတ္တား ပုံမှန်ပြေးဆွဲပေးနိုင်မည့် သင်္ဘောလိုင်း သတ်မှတ်ထားရှိပေးရေးကိစ္စတို့ကို ရခိုင် ကုန်သည် /စက်မှု အသင်းRSCCIမှ တင်ပြဆွေးနွေးခဲ့ပြီး ၊ ရခိုင်ပြည်နယ် ကမ်းရိုးတမ်းသင်္ဘောပိုင်ရှင်များ အသင်းမှ လည်း စစ်တွေ ဆိပ်ကမ်းသစ်၌ ဆိပ်ကမ်းအသုံးပြုခများကို မြန်မာကျပ်ငွေစနစ်ဖြင့် ဆောင်ရွက်ခွင့်ရရှိရေး ၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ (စစ်တွေ- ပလက်ဝမြစ်ကြောင်းသယ်ယူပို့ဆောင်ရေးနှင့် စစ်တွေ-ရန်ကုန် ကမ်းရိုးတမ်းသွား ပို့ဆောင်ရေး )တွင် ပါဝင်ခွင့်ရရှိရေးနှင့် ဒေသခံ လုပ်ငန်းရှင်များ၏ သင်္ဘောများပါဝင်ပြေးဆွဲခွင့် ဖော်ဆောင် ရေးတို့အတွက် တင်ပြဆွေးနွေးခဲ့ကြသည်။ ရခိုင်ဒေသ MSME ထုတ်ကုန်များ တိုးမြှင့်ထုတ် လုပ်နိုင်ရေးအတွက်  အိန္ဒိယနိုင်ငံ လုပ်ငန်းရှင်များ နှင့် ရခိုင်ဒေသတွင်းလုပ်ငန်းရှင်များ ဖက်စပ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြသည် ။

International Trade News

Pages

Border Trade News

Pages