ဘင္ဂလားဒေ့ရှ်သည် ြပဿနာများဆက်တိုက်ရှိနေသော်လည်း စီးပွားရေးသည် အကောင်းဘက်သို့သာ ဦးတည်ကြောင်း သုံးသပ်ပါကြောင်းဖော်ပြ

Tue, 01/03/2023 - 05:46 -- DotBorderdep

     ငွေကြေးဖောင်းပွမှုကို လျှော့ချပြီးနှစ်သစ်တွင် ငွေလဲနှုန်းတည်ငြိမ်စေခြင်းဖြင့် ဘင်္ဂလား ဒေ့ရှ်၏ စီးပွားရေးတိုးတက်မှုအရှိန်ပြန်ရလိမ့်မည်ဟု စီးပွားရေးပညာရှင်များက မျှော်လင့် ကြကြောင်း၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၏ Dhaka Tribuneသတင်းစာတွင် ဖော်ပြထားသည်။

     ၂၀၂၃ခုနှစ် ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးလဲလှယ် နှုန်းအတက်အကျမြင့်မားမှုနှင့် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သောချေးငွေများ ၆ ရာခိုင်နှုန်းကျော် ကျန်ရှိနေသော်လည်း ပြည်တွင်းစီးပွားရေးတိုးတက်လာနိုင်ကြောင်း IMFနှင့် ကမ္ဘာ့ဘဏ်တို့ကခန့်မှန်းထားကြကြောင်း ဖော်ပြပါရှိသည်။

     ၎င်းတို့နိုင်ငံ၏ အမျိုးသားရွေးကောက်ပွဲမတိုင်မီ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ချေးငွေ ဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ်လုပ်ငန်းတို့တွင်စိန်ခေါ်မှုများမှာ ဆက်လက်ရှိနေဦးမည်ဖြစ် သော်လည်း အိမ်စောင့်အစိုးရ၏ ဘဏ္ဍာရေးနှင့် စီမံကိန်းဆိုင်ရာအကြံပေးဟောင်း ဒေါက်တာ ABM MirzaAzizul Islam က ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးသည် အင်ဒိုနီးရှားနှင့် စင်ကာပူအပါအဝင် အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကောင်းမွန်နေဆဲဖြစ်ကြောင်း UNB သို့ ပြောကြားခဲ့ကြောင်းဖော်ပြပါရှိသည်။

     သွင်းကုန်ဝယ်လိုအား သိသိသာသာမြင့်တက်လာခြင်းကြောင့် ကုန်သွယ်မှုလိုငွေတိုးလာ နေပြီးသွင်းကုန် ငွေပေးချေမှုမှာနိုင်ငံခြားငွေ အရန်ငွေဆုံးရှုံးသွားသည်ကို မလိုအပ်သော သွင်းကုန်များကိုစီစစ်ရန်နှင့် ပြည်တွင်းစိုက်ပျိုးရေးထုတ်လုပ်မှု တိုးမြှင့်ခြင်းဖြင့် ကိုင်တွယ် ဖြေရှင်းသင်းကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်ဘဏ်၏ အုပ်ချုပ်ရေးမှူးဟောင်းDrAtiurRahman က နှစ်သစ်ကူးတွင် စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ပြီးအများစုမှာ အခွင့် အလမ်းများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်ရမည်ဟုဆိုသည်။

    အခြားတစ်ဖက်တွင်မူ Fed(US Federal Reserve, America's central bank)  (အမေရိကန်ဗဟိုဘဏ်၊ အမေရိကဗဟိုဘဏ်)သည် ၎င်း၏ငွေကြေးမူဝါဒကိုတင်းကျပ် နေခြင်းကို ရပ်တန့်ပါက တာကာ-ဒေါ်လာငွေလဲနှုန်းအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုအချို့ရှိမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

    "သို့သော် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးတိုးတက်ကောင်းမွန်စေရန် ပံ့ပိုးကူညီရန်အတွက် စိုက်ပျိုးရေး၊ ငွေလွှဲခြင်းနှင့် ပို့ကုန်ကဏ္ဍများကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ဝယ်လိုအားကြောင့် ငွေကြေးဖောင်းပွမှုဖြစ်ပွားနေသည့် ငွေကြေးမူဝါဒတည်ငြိမ်စေရန် အတွက် စျေးကွက်သတ်မှတ်ခြင်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည်” ဟုဘင်္ဂလားဒေ့ရှ် ဘဏ်၏ အုပ်ချုပ်ရေးမှူးဟောင်းကပြောကြားခဲ့သည်ကိုလည်းဖော်ပြပါရှိသည်။

     ဘင်္ဂလားဒေ့ရှ်အနေဖြင့် နှစ်သစ်တွင်စီးပွားရေးစိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် ဘဏ္ဍာ ရေးမူဝါဒနှင့် ငွေကြေးမူဝါဒတို့အကြား ပိုမိုကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုများနှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်းဖော်ပြထားသည်။

    IMF ဘောဂဗေဒပညာရှင်ဟောင်းDrAhsan Mansur က နှစ်သစ်ကူးကာလတွင် ကုန်စည် ဈေးနှုန်းများကျဆင်းပါကငွေကြေးဖောင်းပွမှုနှုန်းတည်ငြိမ်မည်ဟု UNB သို့ ပြောကြား ခဲ့သည်။ သို့သော်လည်း သွင်းကုန်အတွက် ငွေကြေးအရင်းအနှီးတွေကို အစိုးရကမထိန်း ချုပ်နိုင်ပါက ငွေလဲနှုန်းကမငြိမ်မသက် ဖြစ်နေမှာပဲလို့ ၎င်းကသတိပေးပြောကြားထား သည်ကိုလည်းရေးသား ဖော်ပြထားသည်။

     ဘင်္ဂလားဒေ့ရှ်ဘဏ်က ဘဏ္ဍာရေးကဏ္ဍကို တင်းတင်းကျပ်ကျပ် ထိန်းညှိမပေးနိုင် ကြောင်းညွှန်းဆိုနေသောကြောင့် ဘဏ်လုပ်ငန်းကဏ္ဍသည် နှစ်သစ်ကူးကာလတွင် အခက် အခဲအကျပ်အတည်းကို ဖြတ်သန်းရလိမ့်မည်ဖြစ်ကြောင်း ဒေါက်တာမန်ဆူက ပြောကြားခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် ဘဏ်ကဏ္ဍအတွင်းစည်းကမ်းတကျ ပြန်လည် ရရှိလာစေရန် ၎င်း၏မူဝါဒကိုလွတ်လပ်စွာ အကောင်အထည်ဖော်ရန် ဒေါက်တာမန်ဆူက အကြံပြုထားသည်ကိုလည်းရေးသားဖော်ပြထားသည်။

ရင်းမြစ် - https://www.dhakatribune.com/commerce

International Trade News

Pages

Border Trade News

Pages