ဥရောပယူနီယံအဖွဲ့ဝင်နိုင်ငံများတွင် လာမည့်နှစ်များ၌ လယ်ယာထွက်ကုန်ကဏ္ဍထုတ်လုပ်မှုများတွင်နှေးကွေးလာမည်

Thu, 12/29/2022 - 08:39 -- DotBorderdep

၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်

ကိုဗစ်အလွန် ကုစားမှု အစီအမံများမှတစ်ဆင့် ဖြစ်ပေါ်လာသော ကုန်သွယ်မှုဆိုင်ရာ အခက်အခဲ အနှောင့်အယှက်များနှင့် ကုန်ပစ္စည်းစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့်လည်းကောင်း ၊ ယူကရိန်း-ရုရှား ဖြစ်စဉ်များကြောင့် သွင်းအားစုနှင့် စွမ်းအင်စျေးနှုန်းများ ပိုမိုမြင့်မားလာခဲ့ခြင်း ကြောင့် ဥရောပယူနီယံနိုင်ငံများ၏ ( EU ) လယ်ယာထွက်ကုန်ကဏ္ဍသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်းကပင် စတင်၍ အပြောင်းအလဲဒါဏ်များကို အပြင်းအထန်ခံစားရလျှက်ရှိကြောင်း သိရှိရသည် ။

ဖေါ်ပြပါဖြစ်စဉ်များကြောင့် စားနပ်ရိက္ခာ ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး ကုန်သွယ်မှုလည်း ပိုမို ရပ်တန့်သွားခဲ့ရသည်။ ထို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့်လည်း မကြာမကြာဆိုးရွားသော ရာသီဥတုဖြစ်ရပ်များနှင့် တိရစ္ဆာန်ရောဂါများ ဖြစ်ပွားမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။  အဆိုပါအခက်အခဲ အနှောင့်အယှက်များသည် စားသုံးသူများကိုလည်း စားသုံးမှုပုံစံများပြောင်းလဲလာနိုင်ကြောင်းနှင့် အီးယူ၏ အဓိကလယ်ယာထွက်ကုန်ကဏ္ဍများ၌ လာမည့်နှစ်များတွင်လည်း ထုတ်လုပ်မှုနှေးကွေး လာမည်ဖြစ်ကြောင်းကို သုတေသနပညာရှင်များမှ အစီရင်ခံစာတွင်ရေးသားဖေါ်ပြထားကြောင်း သိရပါသည်။ အစီရင်ခံစာ၏ ခန့်မှန်းယူဆချက်များအရ ဥရောပယူနီယံနိုင်ငံများတွင်နို့နှင့် အသား ထုတ်လုပ်မှုမှာလည်း ကျဆင်းနေမည်ဖြစ်ပြီး၊ အချို့သော ကောက်ပဲသီးနှံများ ထုတ်လုပ်မှုမှာ လုံးဝ ရပ်တန့်သွားနိုင်သည် (သို့)ထုတ်လုပ်မှုကျဆင်းသွားနိုင်ကြောင်း ဖေါ်ပြထားပါသည်။

 

ရင်းမြစ်-euromeatnews.com

International Trade News

Pages

Border Trade News

Pages