ဗီယက်နမ်နိုင်ငံတွင် ပင်လယ်အစားအသောက်ထုတ်လုပ်သည့်လုပ်ငန်းစိန်ခေါ်မှုများစွာနှင့်ကြုံတွေ့နေရ

Thu, 12/08/2022 - 03:31 -- DotBorderdep

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်အစားအသောက် ထုတ်လုပ်သည့်လုပ်ငန်းမှ ပြည်ပသို့ တင်ပို့မှုတန်ဖိုး သည်၂၀၂၂ ခုနှစ် ပထမ(၁၀)လပိုင်း ကာလအတွင်းတွင် ၂၀၂၁ခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၃၀%)ခန့် မြင့်မားခဲ့ပြီး၊ ပင်လယ်အစားအသောက်များတင်ပို့မှုသည် တိုးတက်မှုများစွာရှိခဲ့သော် လည်း၊ ၂၀၂၂ခုနှစ်နောက်ဆုံးလများနှင့် ၂၀၂၃ခုနှစ်ပထမ(၃)လအစပိုင်းကာလများတွင် တင်ပို့မှု တန်ဖိုးများမှာ ကျဆင်းလာမည့်အရိပ်အယောင်ရှိကြောင်းကို စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် Dr. DinhThe Hien မှပြောကြားကြောင်းသိရသည်။ ယခုနှစ်၂၀၂၂ခုနှစ်တွင် ပင်လယ်အစားအသောက် များ ထုတ်လုပ်မှုလုပ်ငန်းသည် တစ်ခြားလုပ်ငန်းများနှင့်နှိုင်းယှဉ်ပါက မြတ်အစွန်းများစွာရရှိသည့် လုပ်ငန်းဖြစ်သည်။

သို့သော်လည်း ငွေလဲလှယ်မှုနှုန်းထားများနှင့် ပို့ကုန်စျေးနှုန်းများမှာ မြင့်မားနေဆဲဖြစ်ခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသကဲ့သို့ ဗီယက်နမ်နိုင်ငံ၏ အဓိကပို့ကုန်စျေးကွက်ဖြစ်သည့် ဥရောပယူနီယံ၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယားတို့သို့ တင်ပို့ရာတွင် ယင်းနိုင်ငံများမှယင်းတို့၏ ပြည်တွင်း ငွေကြေးနှင့် ကိုက်ညီစေရန် စျေးလျော့ခိုင်းသည့် ပြသနာများကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

၎င်းပြင်ဗီယက်နမ်နိုင်ငံ၏ ပင်လယ်အစားအသောက်များ ထုတ်လုပ်မှုလုပ်ငန်းအနေဖြင့် (ဥပမာ-စျေးနှုန်း သက်သာစွာရောင်းချပေးနိုင်သည့် အီကွေဒေါနှင့်အိန္ဒိယ) တို့နှင့် စျေးနှုန်းယှဉ်ပြိုင်မှုများ၊ မြင့်မားသည့် သယ်ယူပို့ဆောင်စရိတ်များ၊ ပတ်ဝန်းကျင်ပြသနာဆိုင်ရာ အခက်အခဲများ၊ ကုန်ကြမ်း ရရှိနိုင်မှုများနှင့် ငွေလဲလှယ်မှုနှုန်းများ အတက်အကျများ စသည့်အခက်အခဲများကိုလည်း၂၀၂၃ခုနှစ် ပထမ(၃)လ အစပိုင်းကာလများထိ ရင်ဆိုင်ရဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များမှ ထပ်လောင်း ပြောကြားကြောင်းသိရသည်။

Source: nld.com.vn

 

International Trade News

Pages

Border Trade News

Pages