ြမိတ်ဒေသအတွက် သစ်သီးများကို မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကထား တင်သွင်းလျက်ရှိ

Thu, 06/01/2023 - 08:45 -- DotBorderdep

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသအတွက် သစ်သီးများကို မြိတ်မြို့နှင့်မိုင်(၁၂၀)ကွာဝေးသည့် မြန်မာ-ထိုင်း နယ်စပ် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလျက်ရှိသည်။ သစ်သီးများကို မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မြိတ်မြို့သို့ ကုန်းလမ်းဖြင့်တင်သွင်းပါက လမ်းခရီးကြာချိန်(၃) နာရီခန့်သာ ကြာမြင့်သည့်အတွက် စားသုံးသူများအနေဖြင့် သစ်သီးများကို လတ်လတ်ဆတ်ဆတ် ဝယ်ယူ စားသုံးနိုင်ကြသည်။

          အများဆုံးတင်သွင်းသည့် သစ်သီးများမှာ ပန်းသီး၊ လိမ္မော်သီး၊ ရေငန်းသီး၊ ပိန္နဲသီးနှင့် လောင်ဂန်သီး တို့ဖြစ်ကြပြီး လက်ရှိပေါက်ဈေးအနေဖြင့် ပန်းသီး(1 KG)လျှင် (19.44)ဘတ်၊ လိမ္မောသီး(1 KG)လျှင် (9.69)ဘတ်၊ ရေငန်းသီး(1 KG)လျှင် (6.45)ဘတ် နှင့် လောင်ဂန်သီး(1 KG) လျှင် (6.81)ဘတ် တို့ဖြင့် တင်သွင်းလျက်ရှိသည်။

          မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မေလ(၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ သစ်သီး(၂၄) တန် တင်သွင်းနိုင်ခဲ့သည်ကို တွေ့ရှိရသည်။

          မောတောင်ကုန်သွယ်ရေးစခန်းမှ (၂၀-၅-၂၀၂၃ မှ ၂၆-၅-၂၀၂၃ ထိ) အများဆုံးတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ အခြားရေထွက်၊ တံမြက်စည်း၊ အခြားပစ္စည်းတို့ဖြစ်ပြီး အများဆုံးသွင်းကုန်များမှာ ပုစွန်သားပေါက်၊ ကြွေပြား၊ သစ်သီးနှင့် ငါးသေတ္တာဘူးခွံတို့ဖြစ်ပါသည် ။

Border Trade News

Pages