ြမဝတီကုန်သွယ်ရေးဇုန် ၏ ကုန်သွယ်မှုအခြေအနေ

Thu, 05/11/2023 - 06:26 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၇-၅-၂၀၂၃)ရက်နေ့မှ (၈-၅-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ငရုတ်၊ ပီလောပီနံ၊ မိဿလင်၊ နနွင်း၊ ကြက်သွန်နီ၊ ပြောင်း၊ မတ်ပဲ၊ ဂျင်းနှင့် ပျားရည်တို့ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများမှာ အေးခဲကဏန်း၊ ငါးသလောက်၊ ငါးခွေးလျှာ၊ ဂုံး၊ ခရု၊ ပုဇွန်၊ ‌ကျောက်ငါး၊ ငါးမွှေထိုး၊ ငါးပါးနီ၊ ဝသုံးလုံးကဏန်းနှင့် ငါးဓားလွယ်တို့ ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ်အထည်အလိပ်များ တင်ပို့လျက်ရှိသည်။  

          အများပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ငရုတ်၊ ပီလောပီနံ၊ ရေထွက်ကုန် ပစ္စည်း၊ နနွင်း၊ မတ်ပဲ၊ ဂျင်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ယခုအခါ ထိုင်းနိုင်ငံမှခရီးသွားလုပ်ငန်းများ ပြန် လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများတွင် ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင် များတွင် အသုံးပြုရန်လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ် သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ် များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ စားသောက် ကုန်၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်း ကိရိယာများ၊ Packing Material ၊ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ စာရေးကိရိယာ၊ ငါးဖမ်းကိရိယာ၊ ဆေးနှင့်ဆေးပစ္စည်းနှင့် အားကစားပစ္စည်းတို့ တင်သွင်းလျက်ရှိသည်။  

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ Garment ၊ သစ်သီး၊ ဓာတ်မြေဩဇာ၊ ယန္တရားအပိုပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းနှင့် အခြားပစ္စည်းတို့ ဖြစ်သည်။

          (၂၅-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်း လက်နက်ကိုင်သောင်းကျန်းသူများမှ မြဝတီကုန်သွယ်ရေးဇုန်အား ဝင်ရောက်စီးနင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် (၂၆-၃-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဖြစ် ပေါ်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်သီတင်းပတ်က တစ်ဘတ်လျှင်(၈၄)ကျပ်ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် လည်း(၈၄)ကျပ်သာရှိ၍ ဘတ်စျေးပြောင်းလဲမှုမရှိသော်လည်း နယ်မြေတည်ငြိမ်မှုမရှိသည့်ကာလနှင့် သင်္ကြန် ရုံးပိတ်ရက်ရှည်ကာလတို့တွင် တင်သွင်းနိုင်မှု မရှိသည့် ကုန်ပစ္စည်းများကို ယခုအခါ ပိုမိုတင်သွင်း လျက်ရှိ ကြောင်း သိရှိရသည်။

Border Trade News

Pages