ြမဝတီကုန်သွယ်ရေးဇုန် ၏ ကုန်သွယ်မှုအခြေအနေ

Thu, 03/23/2023 - 09:23 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၁၉-၃-၂၀၂၃)ရက်နေ့မှ(၂၀-၃-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများမှာ ငရုတ်၊ ပီလောပီနံ၊ ဂျင်း၊ ကြက်သွန်နီ၊ မန်ကျည်းသီး၊ ပြောင်း၊ သခွား မျိုးစေ့နှင့် လက်ဖက်တို့ဖြစ်ပါသည်။ ရေထွက် ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ငါးတီး၊ ပုစွန်၊ ကျောက်ငါး၊ ငါးရှဉ့်၊ ငါးခွေးလျှာ၊ ငါးမြစ်ချင်း၊ ကဏန်း၊ ငါးဓါးလွယ်နှင့် ငါးသလောက်တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/ အမျိုး သမီးဝတ်အထည်အလိပ်များ တင်ပို့လျက်ရှိသည်။

          အများပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် CMP ၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ပီလောပီနံ၊ ရေထွက် ကုန်ပစ္စည်း၊ မန်ကျည်းသီး၊ ချင်း၊ ခဲသတ္တု၊ သခွားမျိုးစေ့နှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ယခုအခါ ထိုင်း နိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင် ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင် နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ် အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ အိမ်သုတ်ဆေး၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ Packing Material ၊ လူသုံးကုန် ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ငါးဖမ်းကိရိယာ၊ အားကစားပစ္စည်းနှင့် လယ်ထွန်စက်အပိုပစ္စည်းများ တင်သွင်း လျက်ရှိသည်။  

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ Garment ၊ စားသောက်ကုန်၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုတ်ဆေး၊ ဆေးနှင့်ဆေးပစ္စည်းများ၊ သစ်သီး၊ ဆိုင်ကယ်အပို ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          (၅-၁-၂၀၂၃)ရက်နေ့မှစ၍ မြဝတီကုန်သွယ်မှုလမ်းကြောင်းများ ပုံမှန်ဖြစ်ပေါ်လာပြီး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ပြောင်းဆံများတင်ပို့လာနိုင်ခြင်းနှင့် တရုတ်နှစ်သစ် ကူးနောက်ပိုင်း တစ်ဖက်နိုင်ငံမှ လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လာခြင်းတို့ကြောင့် ဘတ်စျေးများ တဖြည်း ဖြည်းကျဆင်းလျက်ရှိသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၄.၀၃)ကျပ်ခန့်သာရှိပြီး ယခုအပတ်တွင်လည်း (၈၄.၀၃)ကျပ်ခန့်အထိသာရှိသဖြင့် ဘတ်ဈေးတည်ငြိမ်လျက်ရှိရာ သွင်းကုန်များ ပုံမှန်တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

Border Trade News

Pages