ြမဝတီကုန်သွယ်ရေးဇုန် ၏ ကုန်သွယ်မှုအခြေအနေ

Thu, 06/01/2023 - 08:24 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၇-၅-၂၀၂၃)ရက်နေ့မှ (၂၉-၅-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ဒန့်ဒလွန်စေ့ခြောက်၊ မိဿလင်ခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ဂျင်းနွယ်ဝင်တစ်မျိုး၊ ခွေးလျားစေ့(အနက်)၊ ကန့်ချုပ်နီ၊ မန်ကျည်းသီး၊ လင်းနေမြစ်နှင့် ဂေါ်ဖီထုပ်တို့ ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ဝသုံးလုံးကဏန်း၊ ငါးမြစ်ချင်းစီ ဖောင်း၊ ကျောက်ငါး၊ ကုလားကုတ်၊ ငါးပါးနီ၊ မီးတံသွယ်ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးတီး၊ ငါးသလောက်၊ ကကူယံ၊ ငါးကွင်းရှပ်ငါးဆယ်နယ်နှင့် သဲကဏန်းတို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည်အလိပ် များ တင်ပို့လျက်ရှိသည်။  

          (၂၇-၅-၂၀၂၃ မှ ၂၉-၅-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပြောင်း၊ CMP ၊ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ကုန်ပစ္စည်း၊ ဒန့်သလွန်စေ့ခြောက်၊ မြေပဲ၊ ဂေါ်ဖီထုပ်၊ မန်ကျည်းသီးနှင့် အခြား ပစ္စည်းတို့ဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက် ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ် နှင့် ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပို ပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ် ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG(ဓာတ်ငွေ့ရည်)၊ စက်နှင့်စက်ပစ္စည်းကိရိယာ၊ Packing Material ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစားပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးနှင့်ဆေး ပစ္စည်းနှင့် အိမ်သုတ်ဆေးတို့ တင်သွင်းလျက်ရှိသည်။  

          (၂၇-၅-၂၀၂၃ မှ ၂၉-၅-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ စားသောက် ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ Garment ၊ သစ်သီး၊  LPG (ဓာတ်ငွေ့ရည်)၊ ဓာတ်မြေဩဇာ၊ စက်ဆီ/ချောဆီ၊ ဆေးနှင့်ဆေးပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          (၂၅-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်း လက်နက်ကိုင်သောင်းကျန်းသူများမှ မြဝတီကုန်သွယ်ရေးဇုန်အား ဝင်ရောက်စီးနင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် (၂၆-၃-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဖြစ် ပေါ်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၅.၁၀)ကျပ်သာရှိခဲ့ပြီး ယခုအပတ်တွင်လည်း (၈၅.၁၀)ကျပ်သာရှိ၍ ဘတ်စျေးတည်ငြိမ်လျက်ရှိသော်လည်း နယ်မြေတည်ငြိမ်မှုမရှိသည့်ကာလနှင့် သင်္ကြန် ရုံးပိတ်ရက်ရှည်ကာလတို့တွင် တင်သွင်းနိုင်မှုမရှိသည့် ကုန်ပစ္စည်းများကို ယခုအခါ ပိုမိုတင်သွင်းလျက်ရှိ ကြောင်း သိရှိရသည်။

          (၂၀-၅-၂၀၂၃ မှ ၂၆-၅-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း (၁)တန်လျှင် (၃၁၁.၇၇)ဒေါ်လာဖြင့် (၃၁၉၉၁.၄၈၁)တန်၊ (၉.၉၇၄)ဒေါ်လာသန်း၊ ချုပ်ပြီးအထည်(၁၅၈.၈၃၄) U ၊ (၁၆၇.၈၃၆)တန်၊ (၁.၂၃၄)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁)တန်လျှင် (၆၈၁.၅၂၉)ဒေါ်လာဖြင့် (၈၀၁.၁၃၉) တန်၊ (၀.၅၄၆)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၅၄၂.၂၈၁)ဒေါ်လာဖြင့် (၇၄၅)တန်၊ (၀.၄၀၄)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၆၁.၅၉၉)ဒေါ်လာဖြင့် (၁၁၆.၇၅၅)တန်၊ (၀.၁၉၄) ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (၁၅၀၀)ဒေါ်လာဖြင့် (၁၀၀)တန်၊ (၀.၁၅၀)ဒေါ်လာသန်း၊ ကွမ်းသီး(၁)တန်လျှင် (၁၆၅၄.၂၄၉)ဒေါ်လာဖြင့် (၇၉.၁၉၀)တန်၊ (၀.၁၃၁)ဒေါ်လာသန်း၊ မတ်ပဲ(၁)တန်လျှင် (၁၀၀၇.၈၁၂)ဒေါ်လာဖြင့် (၁၂၈)တန်၊ (၀.၁၂၉)ဒေါ်လာသန်း၊ နှမ်းညို (၁)တန်လျှင် (၁၅၃၃.၃၃)ဒေါ်လာဖြင့် (၃၀)တန်၊ (၀.၀၄၆)ဒေါ်လာသန်းနှင့် မန်ကျည်းသီး(အစေ့ပါ) (၁)တန်လျှင် (၄၂၇.၀၈၃)ဒေါ်လာဖြင့် (၉၆)တန်၊ (၀.၀၄၁)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂)ဘီး တစ်စီး၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၃၀)ကျပ်၊ (၂၂)ဘီးတစ်စီး၏ ကုန်ကျစ် (၁)ပိဿာစျေးနှုန်းမှာ (၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ် ရှိသည်။

          (၂၀-၅-၂၀၂၃ မှ ၂၆-၅-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၅.၃၅၉) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်း များ (၁.၂၉၆) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ(၁.၀၆၅) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၁.၀၂၃) ဒေါ်လာသန်း၊ ချည်ထည်များ(၀.၉၀၇)ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၁)တန်လျှင် (၂၇၂၇.၂၆၉)ဒေါ်လာ ဖြင့် (၃၂၄.၈၆၇)တန်၊ (၀.၈၈၆)ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ(၀.၈၄၁) ဒေါ်လာသန်း၊ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၈၁၇)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၆၈၇) ဒေါ်လာသန်းနှင့် အခြားစက္ကူများ(၀.၆၅၂)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ သွင်းကုန်ကားခ(ကုန်စုံပစ္စည်း)အနေဖြင့် ယာဉ်အမျိုး အစားအလိုက်(၁၂)ဘီး တစ်စီး၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀) ကျပ်၊ (၂၂)ဘီးတစ်စီး၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၇၀)ကျပ်ရှိ သည်။

Border Trade News

Pages