ြမဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 01/26/2023 - 07:35 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၂-၁-၂၀၂၃) ရက်နေ့မှ (၂၃-၁-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုများ ရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ငရုတ်(စို/ခြောက်)၊ ဆန်မှုန့်၊ ဆန်ကွဲ၊ ပြောင်းစေ့၊ မြေပဲ၊ မန်ကျည်းသီး(အစေ့ပါ)၊ ပီလောပီနံ၊ ဂေါ်ဖီထုပ် တို့ဖြစ်ပြီး ရေထွက်ပစ္စည်းများမှာ  ခရု၊ ငါးတီး၊ ကျောက်ငါး၊ ငါးရှဉ့်၊ ကဏန်း၊ ငါးခွေးလျှာ၊ ငါးပိ၊ ငါးဓါးလွယ်၊ ပုစွန်၊ ဂုံး၊ ငါးသလောက်၊ ငါးပါးနီ၊ ပင်လယ်ငါးပြင်မနှင့် CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိcသည်။

          အများဆုံးပို့ကုန်ပစ္စည်းများအနေဖြင့် CMP/SEZ(အထည်အလိပ်)၊ ဆန်မှုန့်၊ ပြောင်းစေ့၊ ဖြတ်စ(အလူမီနီ ယံဗူးခွံ)၊ မြေပဲ၊ ငါးပိ၊ ငရုတ်၊ မန်ကျည်းသီး(အစေ့ပါ)၊ ကြက်သွန်နီ၊ ရေထွက်၊ ဆန်ကွဲ၊ ပီလောပီနံ၊ ဂေါ်ဖီထုပ်၊ Transformer Main၊ စတီး(ငြမ်းစင်)၊ ပဲတီစိမ်း တို့ဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်း ကြောင့်စားသောက်ကုန် လုပ်ငန်းများတွင်ကျယ်စွာ အသုံးပြုလာခြင်းနှင့် စားသောက်ဆိုင် များတွင် အသုံးပြု ရန်လိုအပ်ခြင်းကြောင့်ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

          အများဆုံးပို့ကုန်ပစ္စည်းများဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက် သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်ပေးလျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် Garment ၊ စားသောက်ကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ ဆောက်လုပ် ရေးလုပ်ငန်းသုံး၊ အိမ်သုံးပစ္စည်း၊ လယ်ယာသုံး၊ စက်မှုကုန်ကြမ်းပစ္စည်း၊ စက်နှင့်စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊  ကားအပို ပစ္စည်း၊ ဖိနပ်၊ ဆိုင်ကယ်ပစ္စည်း၊ ဖိနပ်ကုန်ကြမ်းပစ္စည်း၊ အလှကုန်၊ ဆေး၊ တိရစ္ဆာန်အစာ၊ သစ်သီး၊ CMP (အထည်အလိပ်)၊ စက်ဘီး၊ ဓာတ်မြေဩဇာ၊ ကားအပိုပစ္စည်း၊ စိုက်ပျိုးရေးသုံး ပစ္စည်းတို့ တင်သွင်းလျက်ရှိ သည်။

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ Garment ၊ အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်၊ ဆေး၊ စက်ဘီး၊ တိရစ္ဆာန်အစာ၊ ဖိနပ်ကုန်ကြမ်းပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဖိနပ်၊ စက်နှင့်စက်ပစ္စည်း၊ ကားအပိုပစ္စည်းနှင့် အခြား ကုန်ပစ္စည်းတို့ဖြစ်သည်။         

          (၅-၁-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလမ်းကြောင်း ပုံမှန်ဖြစ်ပေါ်လာပြီး တင်သွင်းဆောင်ရွက်မှု များရှိလာသည်။ ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၆၄.၀၁)ကျပ်ထိရှိခဲ့ပြီး ယခုအပတ် တွင် (၆၃.၉၆၆)ကျပ်ခန့်အထိ အနည်းငယ်ပြန်ကျလာသဖြင့် သွင်းကုန်များ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

Border Trade News

Pages