ရခိုင်ပြည်နယ်မှ ဘင္ဂလားဒေ့ရှ်သို့ ငါးြမစ်ချင်းတင်ပို့မှုအခြေအနေ

Thu, 03/23/2023 - 09:36 -- DotBorderdep

၂၀၂၃ခုနှစ်၊ မတ်လ(၂၂)ရက်

 

    မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ် စပ်မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိသည်။

    ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးမြစ်ချင်းတင်ပို့မှုကို လေ့လာမည်ဆိုပါက ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်စတင်၍ တန်ချိန် ၆ ထောင်ကျော်ခန့်တင်ပို့နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်နှင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တို့တွင် တန်ချိန် ၃ထောင်ကျော်နှင့် တန်ချိန် ၁ ထောင်ကျော်တို့သာ အသီးသီးတင်ပို့နိုင်ခဲ့သည်။သို့သော်လည်း ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် ၏ (၆)လအတွင်းတွင် တန်ချိန် ၄ ထောင်ကျော်ထိ တိုးမြှင့်တင်ပို့နိုင်ခဲ့သည်။

    ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လထိ) (၁၂) လအတွင်း တန်ချိန် ၄ ထောင် ကျော်သာတင်ပို့နိုင်ကြောင်းတွေ့ရှိရသဖြင့် ဇန်နဝါရီလမှ မတ်လအထိ ငါးတင်ပို့သည့်ရာသီချိန် ကျော်ဖြတ်ခဲ့သော်လည်း ယခင် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်၏ (၆)လအတွင်းတင်ပို့ခဲ့မှုနှင့် နှိုင်း ယှဉ်ပါက တင်ပို့မှုမှာ ထက်ဝက်နီးပါးခန့် ဆက်လက်လျော့နည်းလာကြောင်း သိရသည်။

Border Trade News

Pages