ယခုအပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဆန်ဖြူတန်ချိန် (၂၅၀၀) တင်ပို့နိုင်ခဲ့

Tue, 01/24/2023 - 03:28 -- DotBorderdep

          ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့သော ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) အရမြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံးဆန်(အဖြူ) တန်ချိန်(၂၅၀၀၀၀)ထိနှင့် ပေါင်းဆန် တန်ချိန်(၅၀၀၀၀)ထိတို့အား တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။ ဆန်တင်ပို့ရောင်းချနိုင်မည့် ကာလမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိဖြစ်ကြောင်းလည်း သိရှိရသည်။

          အဆိုပါ နှစ်နိုင်ငံအကြားချုပ်ဆိုထားသော ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာ ချွန်လွှာအရ ယခုအပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ တက္ကနဗ်မြို့ ဆိပ်ကမ်းသို့ ဆန်(အဖြူ)တန်ချိန် (၂၅၀၀)တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာသန်း (၁) သန်းဖိုး တင်ပို့နိုင်ခဲ့သည်။

Border Trade News

Pages