မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 01/12/2023 - 03:09 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၈-၁-၂၀၂၃)မှ (၉-၁-၂၀၂၃)ထိ CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ တရုတ်နံနံစေ့၊ သစ်ကြံပိုးခေါက်၊ ချင်းခြောက်၊ ငရုတ်၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ မန်ကျည်းသီး၊ နနွင်း၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဆန်ကွဲ၊ မြေပဲတို့ကို တင်ပို့လျက်ရှိပါသည်။ ရေထွက်ကုန်ပစ္စည်းများမှ ငါးပါးနီ၊ ကျောက်ငါး၊ ငါးတီး၊ ငါးမွှေထိုး၊ ငါးပြေမ၊ ကကူယံ၊ ငါးစီလုံး၊ ငါးသလောက်၊ ငါးဓားလွယ်၊ ငမုတ်၊ ကဏန်း၊ ငါးခွေးလျာ၊ ပုစွန်တို့ တင်ပို့ လျက်ရှိပါသည်။ CMP တင်ပို့မှုမှ အမျိုးသမီးဝတ် ဂျာကင်/ကုတ်အင်္ကျီ၊ အမျိုးသားဝတ် ဂျာကင်၊ ဘောင်းဘီတို တို့ကို တင်ပို့လျက်ရှိပါသည်။ အများဆုံး ပို့ကုန် ပစ္စည်းကတော့ CMP ၊ ငရုတ်၊ ရေထွက်၊ ဆန်မှုန့်၊ မြေပဲ၊ ကြက်သွန်နီ၊ ကော်ဖီစေ့၊ ဆန်ကွဲ၊ ငါးပိ၊ အလူမီနီယံဖြတ်စ တို့ဖြစ်ပါသည်။ ကိုဗစ်အလွန်ကာလတွင် ထိုင်းနိုင်ငံသို့ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ အသုံးပြုလာခြင်း၊ ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်စားသောက်ခြင်း၊ စားသောက်ကုန်လုပ်ငန်း စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်းများဖြစ်သည့် ဆန်မှုန့်၊ ငရုတ် တို့ကို ထိုင်းနိုင်ငံမှ ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ် ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါသည်။ အလူမီနီယံဖြတ်စ အား အရည်ကျို၍ ကုန်ချောများ ပြန်လည်ထုတ်လုပ်ရန်အတွက် ဝယ်ယူခြင်း ဖြစ်ပါသည်။ ရေထွက်ပစ္စည်း တင်ပို့မှုသည် မဲဆောက်မှ တဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထိ အချိန်မီတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ရေထွက်ကုန်ပစ္စည်းများအား ကုန်သွယ်မှုလမ်းကြောင်း တလျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂ တို့မှတဆင့် တစ်ဖက်နိုင်ငံသို့ အမြန်ရောက်ရှိရေး အတွက် ဦးစားပေး ဆောင်ရွက် ပေးလျက်ရှိပါသည်။ ထိုနည်းတူ ကုန်စိမ်း ပို့ကုန်များဖြစ်ကြသည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဂျူတီယာဉ်များ၏ ကုန်ပစ္စည်း ကြေညာလွှာပါပစ္စည်း၊ ယာဉ်ပေါ်ပါပစ္စည်းနှင့် တန်ဖိုးများကိုက်ညီမှု ရှိ/မရှိကို သက်ဆိုင်ရာဌာန အနေဖြင့် စနစ်တကျ စစ်ဆေး ဆောင်ရွက်လျက် ရှိပါသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံးကုန်ကြမ်း ပစ္စည်းများ၊ ဖိနပ်များ၊ အသင့်ချုပ်ပြီး အဝတ် အထည်များ၊ သစ်သီး၊ အိမ်သုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များ၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ ကားအပိုပစ္စည်း၊ စက်ဆီချောဆီ၊ သုတ်ဆေး၊ လျှပ်စစ်ပစ္စည်းများ တင်သွင်းလျက်ရှိပါသည်။ ချည်ပိတ်လိပ်များ၊ ကြွေပြား၊ စားသောက်ကုန်၊ အိမ်သုံးပစ္စည်း၊  စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်း ပစ္စည်း၊ စက်ဆီချောဆီ၊၊ လျှပ်စစ် ပစ္စည်းအများဆုံး တင်သွင်းခဲ့ပါသည်။ (၅-၁-၂၀၂၃) ရက်နေ့မှစ၍ သွင်းကုန်ယာဉ်များ အနေဖြင့် လမ်းခရီးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ပုံမှန်အတိုင်းသွားလာ လျက်ရှိပါသည်။ သွင်းကုန်တင်သွင်း ကုန်သည်များအနေဖြင့် ယခုလဆန်းပိုင်းတွင် ဘတ်ဈေးသည် တစ်ဘတ် လျှင်(၇၉.၃၆) ကျပ်ထိရှိခဲ့ပြီး ယခုဒုတိယပတ်ကာလအတွင်း တစ်ဘတ်လျှင် (၈၂.၆၄) ကျပ်ခန့်အထိ ဘတ်ဈေး အနည်းငယ် ပြန်တက်လာသောကြောင့် ဘတ်ဈေး အတက်အကျ မတည် ငြိမ်ခြင်းကြောင့် သွင်းကုန် တင်သွင်းမှု အနည်းငယ်လျော့နည်းမှုရှိကြောင်း သိရှိရပါသည်။

Border Trade News

Pages