မောင်တောကုန်သွယ်ရေးစခန်းမှ ငါးြမစ်ချင်းတင်ပို့နိုင်ခဲ့မှုအခြေအနေ

Thu, 03/23/2023 - 09:32 -- DotBorderdep

၂၀၂၃ ခုနှစ်၊ မတ်လ၂၂ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်းသည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့နေသော စခန်းတစ်ခုဖြစ်သည်။

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၈၀) ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏမှာ (၁.၀၈၀) ဖြစ်ပြီး (၂၀-၃-၂၀၂၃) ရက်နေ့အထိ လျားထားချက် အပေါ်အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၈၈၇) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၂) နှင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ (၀.၈၈၉) ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၈၂%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။မောင်တောကုန်သွယ်ရေးစခန်းမှ ရေထွက်ပစ္စည်းအနေဖြင့် ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးသလောက်၊ ငါးမုတ်၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံလေးခြောက်၊ ပုစွန်ခြောက်တို့  တင်ပို့နိုင်ခဲ့သည်။ ၎င်းတို့အနက် ငါးမြစ်ချင်းမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်ဈေးကွက်တွင် ဝယ်လိုအားကောင်းသော ရေထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ မတ်လ (၂၀) ထိ) တွင် ငါးမြစ်ချင်း တန်ချိန် (၇၇၈၉.၂၃၀) တန်၊ တန်ဖိုး (၇.၇၈၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

Border Trade News

Pages