မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မှ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့မှု (၁၄-၅-၂၀၂၃)

Tue, 05/16/2023 - 04:28 -- DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ (၁၄-၅-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၅၁)စောင် (၆.၈၇၁)ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့် စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ မေလ (၁)ရက်နေ့မှ (၁၄)ရက်နေ့ထိပို့ကုန်လိုင်စင်(-)စောင်နှင့် သွင်းကုန်လိုင်စင် (၅၂၁)စောင်ခွင့်ပြုထုတ်ပေးခဲ့သည်။(၁၄-၅-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန် ပစ္စည်းများမှာကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ သီဟိုဠ်စေ့၊ ရေခဲပုစွန်၊ ငါးရှဉ့်၊ ကဏန်း၊ မြေပဲ၊ သကာရည်၊နေလဲစေ့၊ လျှော်ဖြူတို့ဖြစ်ပြီးအများဆုံးသွင်းကုန်ပစ္စည်းများမှာဆိုလာပြား၊ သွပ်လိပ်၊ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ လက်ကိုင်ဖုန်း၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ကော်စေ့၊ လေအေးပေးစက်၊ ကွန်ပေါင်းဓါတ်မြေသြဇာ၊ ဘတ္ထရီတို့ဖြစ်သည်။

          မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ် ပေးသောပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှတောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီစိစစ်ခွင့်ပြုပေးလျက်ရှိသည်။(၁၄-၅-၂၀၂၃)ရက်နေ့တွင် Form Eထုတ်ပေးမှုမှာ (၅၈)စောင်ဖြစ်ပြီးရေခဲပုစွန်(၃)စောင်၊ သီဟိုဠ်စေ့(အခွံမပါ)(၂)စောင်၊ ဝါဂွမ်း(၂၁)စောင်၊ ဂျင်းခြောက် (၁)စောင်၊ သရက်ပြားခြောက်(၁)စောင်၊ ပုစွန်ဖွဲ (၂)စောင်၊ ငါးစာမှုန့် (၁)စောင်၊ ဖာလာစေ့ (၁)စောင်၊ လျှော်ဖြူ (၁)စောင်၊ကဏန်း(၇)စောင်၊ ငါးရှဉ့် (၅)စောင်၊ နေလဲစေ့ (၈)စောင်၊ ကြိမ် (၁)စောင်၊ သကာရည် (၄)စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ မေလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ Form E (၆၀၅)စောင်ထုတ်ပေးခဲ့သည်။

          (၁၄-၅-၂၀၂၃)ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၇၉)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၃၀)စီး၊ စုစုပေါင်း (၂၀၉)စီးကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးယခုရက်ပိုင်းတွင် ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ သီဟိုဠ်စေ့၊ ရေခဲပုစွန်၊ ငါးရှဉ့်၊ ကဏန်း၊ မြေပဲ၊ သကာရည်၊ နေလဲစေ့၊ လျှော်ဖြူအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိသည်။(၁-၅-၂၀၂၃မှ ၁၄-၅-၂၀၂၃)ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၁၃၀၆)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၈၂၀)စီးကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေ ကြေးများဖြင့်ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက် ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာRSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံဝယ်ယူသည့်ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်။

Border Trade News

Pages