မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၅-၂-၂၀၂၃)

Tue, 02/07/2023 - 04:05 -- DotBorderdep

      ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက် ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများ တွင်လည်းလာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိ သည်။ ၅-၂-၂၀၂၃ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၁)စောင် (၀.၂၃၈) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ )ရက် နေ့မှ  (၅ )ရက်နေ့ထိပို့ကုန်လိုင်စင် (- )စောင်နှင့် သွင်းကုန်လိုင်စင် (၈၄)စောင်ခွင့်ပြုထုတ်ပေးခဲ့သည်။ (၅-၂-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန်ပစ္စည်းများမှာ ချဉ်ပေါင်ဖာလာ(အခွံပါ)၊ ပဲတီစိမ်း၊ သခွားမွှေး၊ ပဲယင်း၊ ဖရဲသီး၊ ကြက်သွန်နီ၊ နှမ်းနက်၊ ဆန်ကွဲ၊ ငါးရှဉ့်၊ ပဲနီကြားတို့ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်း များမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ လိမ္မော်သီး၊ ဓာတုကျောက်မှုန့်၊ ပန်းသီး၊ သံပိုက်၊ ကလေးသွားတိုက် ဆေး၊ သံကျဉ်တွယ်၊ အကင်မျိုးစုံ(အသားတု)၊ ကလေးစီးဘတ္ထရီကား၊ သံချောင်းကွေးတို့ဖြစ်သည်။

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ် ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၅-၁-၂၀၂၃ ရက်နေ့တွင် Form Eထုတ်ပေးမှုမှာ (၂၅)စောင် ဖြစ်ပြီးငါးရှဉ့် (၃)စောင်၊ ကဏန်း (၅)စောင်၊ ချဉ်ပေါင်ဖာလာ (၉)စောင်၊ ဝါဂွမ်း( ၂)စောင်၊ ရွှေဖရုံသီး(၁) စောင်၊ ရေခဲငါး( ၁ )စောင်၊ ဆန်ကွဲ ( ၂ )စောင်၊ လျှော်ဖြူ ( ၁ )စောင်၊ ပုစွန်ဖွဲ ( ၁ )စောင် တို့အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ Form E (၁၁၆)စောင် ထုတ်ပေး ခဲ့သည်။

          ၅-၁-၂၀၂၃ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၂၂၇)စီး၊ သွင်းကုန်ယာဉ်စီးရေ (၅၃)စီး၊ စုစုပေါင်း (၂၈၀)စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးယခုရက်ပိုင်းတွင် ချဉ်ပေါင်ဖာလာ(အခွံပါ)၊ ပဲတီစိမ်း၊ သခွားမွှေး၊ ပဲယင်း၊ ဖရဲသီး၊ ကြက်သွန်နီ၊ နှမ်းနက်၊ ဆန်ကွဲ၊ ငါးရှဉ့်၊ ပဲနီကြားအစရှိသည့် ပို့ကုန်ပစ္စည်းများ တင်ပို့ လျက်ရှိပါသည်။(၁-၂-၂၀၂၃ မှ ၅-၂-၂၀၂၃)ရက်နေ့အထိပို့ကုန်ယာဉ်စီးရေ(၁၁၇၆)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၄၆)စီးကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများ ဖြင့်ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံတို့ကိုဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့် ပါ ဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၅၀၀-၅၈၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၇၅-၂၄၇၅)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ နှမ်းညို (၁)တန်လျှင် (၈၀၀၀-၈၅၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဆန် (ဧည့်မထ) ၂၅% (၁) တန်လျှင် (၂၂၈၀) ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀) ယွမ်၊ ရာဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါ သည်။

Border Trade News

Pages