မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၁၇-၁-၂၀၂၃)

Thu, 01/19/2023 - 03:31 -- DotBorderdep

       ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ ၁၇-၁-၂၀၂၃ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် ( ၃၂ )စောင် (၀.၅၈၆)ယွမ်သန်းတန်ဖိုးရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီး အစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁ )ရက်နေ့မှ  (၁၇)ရက်နေ့ထိ ပို့ကုန်လိုင်စင် ( ၁ )စောင်နှင့် သွင်းကုန်လိုင်စင် ( ၄၁၅ )စောင် ခွင့်ပြုထုတ်ပေးခဲ့သည်။ (၁၇-၁-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန် ပစ္စည်းများမှာ ဆန်ကွဲ၊ ကဏန်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ကြံ၊ ပဲတီစိမ်း၊ သခွားမွှေး၊ ဆန်၊ ပြောင်းတို့ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ ရုပ်မြင်သံကြားစက်၊ အချိုမှုန့်၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ လယ်ယာလုပ်ငန်းသုံးထွန်စက်၊ စက္ကူလိပ်၊ ဘက္ထရီအကြီး၊ ပြည်တွင်း တပ်ဆင်ရေး လုပ်ငန်းတွင်အသုံးပြုသော SKDစနစ်ဖြင့်တင်သွင်းသည့် ဆိုင်ကယ်အင်ဂျင်(MIC)တို့ဖြစ်သည်။

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေး သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ ၁၇-၁-၂၀၂၃ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၅၀) စောင် ဖြစ်ပြီး  ကဏန်း (၁၂)စောင်၊ ငါးရှဉ့် (၄)စောင်၊ ဆန်ကွဲ (၁၃)စောင်၊ ငါးမျိုးစုံ (၁)စောင်၊ ကြံ (၁၆)စောင်၊ ဝါ ( ၁ )စောင်၊ ဖရုံသီး ( ၂ )စောင်၊ ဂျင်းခြောက် ( ၁ )စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ Form E (၆၀၅) စောင်ထုတ်ပေးခဲ့သည်။

          ၁၇-၁-၂၀၂၃ ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ ( ၂၅၄ )စီး၊ သွင်းကုန်ယာဉ်စီးရေ ( ၇၉ )စီး စုစုပေါင်း (၃၃၃)စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ဆန်ကွဲ၊ ကဏန်း၊ ဖရဲသီး၊ ငါးရှဉ့်၊ ကြံ၊ ပဲတီစိမ်း၊ သခွားမွှေး၊ ဆန်၊ ပြောင်းအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိသည်။ (၁-၁-၂၀၂၃ မှ၁၇-၁-၂၀၂၃) ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၃၇၁၄)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၄၂၂)စီး ကုန်သွယ်မှုဆောင်ရွက်နိုင် ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများ ဖြင့်ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံ တို့ကို ဒေါ်လာငွေကြေး အပြင် ယွမ်ငွေကြေးဖြင့် ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်း ဈေးနှုန်းမှာ (၁)တန်လျှင် (၄၉၆၀-၅၄၆၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၂၅၀-၂၃၀၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၈၅၀၀-၁၀၅၀၀)ယွမ်၊ နှမ်းဖြူ (၁)တန်လျှင် (၉၀၀၀-၁၀၀၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဆန် (ဧည့်မထ) ၂၅% (၁) တန်လျှင် (၂၂၈၀) ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀) ယွမ်၊ ရာဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံ ဝယ်ယူသည့် ကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်။

Border Trade News

Pages