မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၂၈-၃-၂၀၂၃)

Thu, 03/30/2023 - 05:20 -- DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ (၂၈-၃-၂၀၂၃) ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၁၃)စောင် (၁.၉၆၀) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၂၈)ရက်နေ့ထိပို့ကုန်လိုင်စင်(-) စောင်နှင့် သွင်းကုန်လိုင်စင် (၈၆၅)စောင်ခွင့်ပြုထုတ်ပေးခဲ့သည်။ (၂၈-၃-၂၀၂၃)ရက်နေ့တွင် အများဆုံး ပို့ကုန်ပစ္စည်းများမှာပဲတီစိမ်း၊ ပဲယင်း၊ ကြက်သွန်နီ၊ ဖရဲသီး၊ ငါးရှဉ့်၊ ကြေးနီ၊ သခွားမွှေး၊ ကဏန်း၊ ပုစွန်ဖွဲ၊ ပဲလွန်းဖြူတို့ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာ ဆက်သွယ်ရေးလုပ်ငန်းသုံးကြိုးဆက်ပုံး၊ ဖလင်ပြား၊ လျှပ်စစ်မော်တာ၊ ဘတ္ထရီ၊ ဟင်းချိုမှုန့်၊ လိမ္မော်သီး၊ ဘိလပ်မြေအိတ်ခွံ၊ စက်ဘီး၊ လက်တွန်းလယ်ထွန်စက်၊ တစ်သျှူးအစတို့ဖြစ်သည်။

          မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှတောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ (၂၈-၃-၂၀၂၃)ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ(၂၅)စောင်ဖြစ်ပြီး ALUMINIUM INGOT (၁)စောင်၊ ဖာလာစေ့ (၆)စောင်၊ ကဏန်း( ၆)စောင်၊ငါးလေးခြောက် (၁)စောင်၊ ဖန်းခါးသီးခြောက် (၁)စောင်၊ ပုစွန်ဖွဲ (၁)စောင်၊ လျှော်ဖြူ (၁)စောင်၊ မိကျောင်းကွမ်းဖက်စေ့ (၁)စောင်၊ ငါးရှဉ့်(၅)စောင်၊ မရွှေး(ကောင်းကောင်း) (၁)စောင်၊ နေလဲစေ့ (၂)စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ Form E (၈၃၁)စောင်ထုတ်ပေးခဲ့သည်။

          (၂၈-၃-၂၀၂၃)ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၂၀၃)စီး၊ သွင်းကုန်ယာဉ်စီးရေ (၈၃)စီး၊ စုစုပေါင်း (၂၈၆)စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးယခုရက်ပိုင်းတွင် ပဲတီစိမ်း၊ ပဲယင်း၊ ကြက်သွန်နီ၊ ဖရဲသီး၊ ငါးရှဉ့်၊ ကြေးနီ၊ သခွားမွှေး၊ ကဏန်း၊ ပုစွန်ဖွဲ၊ ပဲလွန်းဖြူအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိသည်။ (၁-၃-၂၀၂၃ မှ ၂၈-၃-၂၀၂၃) ရက်နေ့အထိပို့ကုန်ယာဉ်စီးရေ(၆၃၉၁)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၁၆၂)စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကိုဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဆန် (ဧည့်မထ)၂၅% (၁ )တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀ )ယွမ်၊ ရော်ဘာ RSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်း အဝယ် ပြုလုပ်နေကြောင်း သိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်း တစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါသည်။

Border Trade News

Pages