ဘင္ဂလားဒေ့ရှ်သို့ တင်ပို့လျက်ရှိသောထွန်းရွှေဝါလိမ်းဆေး

Thu, 12/08/2022 - 03:38 -- DotBorderdep

မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာတွင် စက်မှုကုန်ချောပစ္စည်းတစ်မျိုးဖြစ်သည့် ထွန်းရွှေဝါလိမ်းဆေးအား ပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေး ကွက်သို့ ထိုးဖောက်ရောင်းချနိုင်ခဲ့သည်။

     ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်း ထွန်းရွှေဝါလိမ်းဆေး တန်ချိန် (၀.၅) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလ အထိ) (၆) လတာကာလအတွင်း ထွန်းရွှေဝါလိမ်းဆေးတင်ပို့မှုတန်ချိန် (၁.၂) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်းတင်ပို့နိုခဲ့သဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) ကာလထက် (၀.၀၀၁) ဒေါ်လာသန်း ပိုမိုတင်ပို့ခဲ့သည်။ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဈေးကွက်တွင် အမြဲတမ်း ဝယ်လိုအားရှိသည့်အလျောက် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ထွန်းရွှေဝါလိမ်းဆေးများ အား တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

Border Trade News

Pages