ဘင္ဂလားဒေ့ရှ်နိုင်ငံမှ မန်ကျည်းစေ့၊ ဆီးဖတ်၊ ချင်း(အစို) နှင့် စစ်တုံဥတို့ကို ဆက်တိုက်ဝယ်ယူလျက်ရှိ

Thu, 01/19/2023 - 03:21 -- DotBorderdep

အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှ တဆင့်ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန် သွယ်ရေးစခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့/တင်သွင်း လျက်ရှိ သည်။ 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ်တင်ပို့လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်မှ ပို့ကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံ သို့ တင်ပို့လျက်ရှိသည်။

သို့ရာတွင် ယခုကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်မှ တင်သွင်းမှု နည်းပါးခဲ့ပြီး တင်ပိုမှု့သာရှိခဲ့ရာ ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှ မန်ကျည်းစေ့၊ ဆီးဖတ်၊ ချင်း(အစို)နှင့် စစ်တုံဥတို့ကို ဆက်တိုက်ဝယ်ယူလျက်ရှိသည်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း စစ်တွေကုန် သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်သို့ မန်ကျည်းစေ့ (၁၂၈၆) တန် အမေရိကန် ဒေါ်လာ သန်း(.၀၇၀၇)သန်း၊ ဆီးဖတ် (၁၄၃) တန် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆၄)သန်း၊ ချင်း (အစို)(၄၄၁)တန် အမေရိကန်ဒေါ်လာသန်း (၀.၁၉၈၅) သန်းနှင့် စစ်တုံဥ ( ၅၇၇ ) တန် အမေရိ ကန်ဒေါ်လာသန်း(၀.၀၆၀၆)သန်းတန်ဖိုး တင်ပို့ခဲ့ပြီး ဖြစ်ပါသည်။ ၎င်းတို့၏ တစ်ကီလိုဂရမ် ပျမ်းမျှပေါက်ဈေးမှာ မန်ကျည်းစေ့ ( .၀၅၅) ဒေါ်လာ၊ ဆီးဖတ် (.၁၁၅) ဒေါ်လာ၊ ချင်း(အစို)   ( .၄၅ ) ဒေါ်လာနှင့် စစ်တုံဥ (.၁၀၅ ) ဒေါ်လာဖြစ်ကြောင်း သိရှိရသည်။

Border Trade News

Pages